Alpha Premium

Valentina Shevchenko

Bruised (2021) 7.3
Bruised (2021) (App only) (free ကြည့်ချင်တဲ့သူတွေလဲ app ကနေဝင်ကြည့်လို့ရပါတယ်) ##unicode Bruisedဇာတ်ကားမှာတော့ Jackieက အနားယူသွားတဲ့ UFC fighterတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ နောက်ဆုံးပွဲမှာ လူရီခံရလောက်အောင် ခွက်ခွက်လန်ရှုံးသွားခဲ့တဲ့အတွက် Jackieက ကစားပွဲတွေကနေ နှုတ်ထွက်လိုက်သူဖြစ်တယ်။သူမရည်းစားက ပွဲတွေရအောင် စီစဉ်ပေးပေမဲ့ Jackieကတော့ နောက်ထပ်မတိုက်ခိုက်တော့ဘူးလို့ ဆုံးဖြတ်ထားသူဖြစ်တယ်။ တစ်နေ့မှာတော့ Mannyလို့ခေါ်တဲ့ အသက်6နှစ်ရွယ် Jackieရဲ့ကလေးတစ်ယောက်က ရောက်လာခဲ့တယ်။ Mannyက Jackieရဲ့စွန့်ပစ်ထားခဲ့တဲ့ သားအရင်းဘဲဖြစ်တယ်။Mannyအဖေက Mannyရှေ့မှာတင် သေနတ်ပစ်ခံရကာ သေဆုံးသွားတဲ့အတွက် Mannyဟာ စိတ်ဒဏ်ရာကပြီးတော့ စကားမပြောနိုင်တော့ပါဘူး။ခိုကိုးရာမဲ့နေတဲ့ Mannyကို အမေဖြစ်တဲ့ Jackieတစ်ယောက်ကဘဲ စောင့်ရှောက်နိုင်မှာ‌မို့ သားဖြစ်သူကို စောင့်ရှောက်ဖို့အတွက် Jackieတစ်ယောက် ငွေရှာဖို့လိုအပ်လာခဲ့တယ်။သူ့ရဲ့ ကျွမ်းကျင်ရာက တိုက်ခိုက်တာဘဲဖြစ်တဲ့အတွက်ကြောင့် Jackieတစ်ယောက်က သူအနားယူထားတဲ့ Fighterလောကထဲကို ပြန်လည်ဝင်ရောက်လာရပါတော့တယ်။ Jackieတစ်ယောက် သူ့ရဲ့အတိတ်ကရှုံးပွဲကို ပြန်အနိုင်ရပါ့မလားဆိုတာ ကြည့်ရှုကြပါအုံး။ ##zawgyi Bruisedဇာတ္ကားမွာေတာ့ Jackieက အနားယူသြားတဲ့ UFC fighterတစ္ေယာက္ျဖစ္ပါတယ္။ သူ႔ရဲ႕ ေနာက္ဆုံးပြဲမွာ လူရီခံရေလာက္ေအာင္ ခြက္ခြက္လန္ရႈံးသြားခဲ့တဲ့အတြက္ Jackieက ကစားပြဲေတြကေန ႏႈတ္ထြက္လိုက္သူျဖစ္တယ္။သူမရည္းစားက ပြဲေတြရေအာင္ စီစဥ္ေပးေပမဲ့ Jackieကေတာ့ ေနာက္ထပ္မတိုက္ခိုက္ေတာ့ဘူးလို႔ ဆုံးျဖတ္ထားသူျဖစ္တယ္။ တစ္ေန႔မွာေတာ့ Mannyလို႔ေခၚတဲ့ အသက္6ႏွစ္႐ြယ္ Jackieရဲ႕ကေလးတစ္ေယာက္က ေရာက္လာခဲ့တယ္။ Mannyက ...
7.3
IMDB: 7.3/10 108 votes
movie

Bruised (2021)

2020
1080p/720p

Release year

Genres

Release year