Alpha Premium

Yancy Butler

Kick-Ass 2 (2013) 6.5
Kick-Ass 2 (2013) ဒီ Hero ကားလေးကိုတော့ အားလုံးနဲ့မိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်… ၂၀၁၀ ကထွက်ရှိခဲ့တဲ့ Kick Ass ရုပ်ရှင်ဇာတ်ကားရဲ့  ၃ နှစ်အကြာမှာပြန်လည်ထွက်ရှိလာတဲ့ Kick Ass 2 ပဲဖြစ်ပါတယ်… နောက်ပြီးတော့ ဒီ Kick Ass 2 ရဲ့အဓိကဗီလိန်ကတော့ Kick Ass 1 မှာ ပါဝင်ခဲ့တဲ့ Red Mist ဟာ Mother Fucker ဆိုတဲ့ နာမည်အဆန်းကြီးနဲ့ ပြန်လည်မွေးဖွားလာလို့ပါပဲ… ( သူ့ဟာနဲ့သူတော့ဟုတ်နေတာပဲ… ဘာလို့လဲဆိုတော့ သူ့အမေကိုသူမတော်တဆသတ်မိလိုက်လို့တဲ့ဗျာ….)   သူ့ရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်… သူ့အဖေကို ဘစူကာကြီးနဲ့မညှာမတာပစ်သတ်ခဲ့တဲ့ Kick Ass ကို မသေမချင်းပြန်သတ်ဖို့ပါပဲ… ဒါကြောင့် ကြေးစားလူမိုက်တွေအကုန်လိုက်စုစည်းပြီးတော့  အကြီးမားဆုံးရာဇဝတ်မှု့ကို ကျူးလွန်ကြတော့မှာပါ… ဒီ Kick Ass 2 မှာထူးခြားလာတာကတော့ Kick Ass တစ်ယောက်တည်း မျက်နှာဖုံးဝတ်တော့တာမဟုတ်ပါဘူး… Kick Ass 1 မှာတည်းက Kick Ass ကိုသဘောကျထောက်ခံတဲ့လူတွေအများစုက သူ့တို့ကိုယ်တိုင်လည်းမျက်နှာဖုံးတွေဝတ်ပြီးတော့ မကောင်းမှု့တွေကို လိုက်လံရှာဖွေနေကြတာကိုမြင်ရတော့မှာပါ… သူတို့ဟာ ဘာအစွမ်းအစမှမရှိပါဘူး…ဒါပေမယ့် သူတို့ရဲ့စံပြကြီး Kick Ass လိုမျိုးမျက်နှာဖုံးတပ်လိုက်တာနဲ့ သူတို့ကိုယ်သူတို့အားအင်တွေ ရှိလာကြမယ်ဆိုတာ သူတို့ကိုယ်တိုင်ယုံကြည်နေကြလို့ပါ…. (သူရဲကောင်းဆိုတာလက်ရုံးရည်မရှိလည်း နှလုံးရည်ရှိလည်းရတယ်ဆိုသလိုပေါ့..) နောက်ပြီးတော့ Kick Ass 1 မှာ ၁၃ နှစ်သာသာပဲရှိနေသေးတဲ့ ...
6.5
IMDB: 6.5/10 249,635 votes
movie

Kick-Ass 2 (2013)

2013
Premium
Kick-Ass (2010) 7.6
Kick-Ass (2010) ကျွန်တော် အမြဲလိုလို မေးခဲ့တဲ့ မေးခွန်းတစ်ခုကို သူမေးခဲ့တယ်။ Superheroes ရုပ်ရှင်ကားတွေ စာအုပ်တွေ လူတွေရဲ့ပါးစပ်ဖျားတွေမှာ အမြဲလိုလို ပါတတ်ပေမဲ့ တစ်ကယ့်လက်တွေ့ဘဝတွင်တော့ ဘာလို့မရှိရတာလဲ။ လူတစ်ယောက်ဟာ ဦးဆောင်ပြီးဘာလို့စ မလုပ်တာလဲ။ ဦးဆောင်သူတစ်ယောက်ကို လူသားတွေဟာ စောင့်နေကြတာလား။ ဒါမှမဟုတ် စိတ်ကူးတွေထဲမှာပဲ Batman တို့ Iron Man တို့ကို အားကျပြီး လက်တွေ့ဘဝမှာကြတော့ မိမိရ ဲ့ရိုးရှင်းလှတဲ့ ဘဝမှာပဲ နေ့စဉ်ဘဝကို ဖြတ်သန်းချင်ကြတာလား။ Kick Ass ကတော့ လူသားတွေ Superheroes ဇာတ်ကားတွေ အားပေးကြည့်ရှုကြပြီး တစ်ကယ့်အပြင် လက်တွေ့ဘဝမှာတော့ ဘာကြောင့် တစ်ယောက် တစ်လေမှ ဝတ်စုံဝတ် မျက်နှာဖုံးလေးတပ် ကျရာ လက်နက်လေးတစ်ခု ဆွဲကိုင်ပြီး လောကကြီးကို မထွက်လာကြတာလည်း ဆိုတာကို မေးခွန်းထုတ်လာခဲ့ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့တွေ Superheroes ရုပ်ရှင်တွေ ကြည့်ကြတယ်။ ဆွေးနွေးကြတယ်။ ရင်ခုန်ကြတယ်။ နှစ်သက်ကြတယ်။ ဒါပေမဲ့ လက်တွေ့ဘဝမှာ ဘယ်သူ့မှ ထိုကဲ့သို့သော လုပ်ရပ်မျိုးတွေ မလုပ်ကိုင်ကြဘူးလေ။ အဲ့ဒီ့မှာ စပြီးတော့ Kick Ass ရဲ့စိတ်ဓာတ်ကို စကြိုက်တော့တာပဲ။ -ဒါတွေကို သူမေးခဲ့ပြီး ...
7.6
IMDB: 7.6/10 515,296 votes
movie

Kick-Ass (2010)

2010
Premium

Release year

Genres

Release year