##unicode
ဒီဇာတ်ကားကတော့ မင်းသားကြီး Amitabh Bachanရဲ့နောက်ဆုံးထွက်ရှိထားတဲ့ thrillerဇာတ်ကားကောင်းပဲဖြစ်ပါတယ်
အမှားကျူးလွန်ပြီး ဘယ်လောက်ပဲထွက်ပြေးပြေး ကိုယ့်ရဲ့ဘဝရွေးချယ်မှု အပြစ်တွေနောက်ကို တရားမျှတမှုကလိုက်လာမယ်ဆိုတာကို
ဒီဇာတ်ကားမှာ ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်
ဆာမီဆိုတဲ့စီးပွားရေးသမားတစ်ယောက်ဟာ ဒေလီကိုခရီးနှင်လာရင်း လမ်းမှာ နှင်းမုန်တိုင်းမိလို့ ပိတ်မိနေခဲ့ပါတယ်
အဲဒီနောက် အဘိုးကြီးတစ်ယောက်နဲ့ဆုံမိပြီး မုန်တိုင်းဒဏ်က ခဏနားခိုဖို့ အိမ်တစ်အိမ်ကို သူရောက်သွားခဲ့ပါတယ်
အဲဒီအိမ်ကတော့ အဘိုးကြီး၄ယောက်ဆုံပြီး ဂိမ်းကစားနေကျအိမ်ပါ သူတို့ဟာ ပင်စင်မယူခင်က ရှေ့နေ တရားသူကြီး
အမှုစစ်တွေဖြစ်ခဲ့ကြသူတွေဖြစ်ပြီး ပင်စင်ယူအပြီးမှာ အစမ်းတရားခွင်တွေလုပ်ပြီး ဂိမ်းကစားလေ့ရှိပါတယ်
ဆာမီကိုပါ ဂိမ်းကစားဖို့ဖိတ်ခေါ်ခဲ့ပါတယ် သူတို့တရားခွင်မှာ ဆာမီဟာ တရားခံနေရာကပါဝင်ရမှာဖြစ်ပြီး ဆာမီဟာ
ပြစ်မှုကျူးလွန်ခဲ့တာဟုတ်မဟုတ် သက်သေပြကြမှာပါ ဒီဂိမ်းဟာအပျော်လို့ ဆာမီထင်ခဲ့ပေမယ့် ပိုပိုပြီးလေးနက်တာကိုသိလာတဲ့အခါ
ထိတ်လန့်လာခဲ့ပါတယ် ဆာမီရဲ့ဘဝအကြောင်းကို ဂိမ်းဆော့ရင်း လှည့်ကွက်ပေါင်းစုံနဲ့ဖော်ပြသွားမှာပဲဖြစ်ပါတယ်
အတွေးပေါင်းများစွာပေးနိုင်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်ကားကောင်းဖြစ်လို့တင်ဆက်ပေးလိုက်ပါတယ်
##zawgyi
အဲဒီအိမ်ကတော့ အဘိုးကြီး၎ယောက်ဆုံပြီး ဂိမ်းကစားနေကျအိမ်ပါ သူတို့ဟာ ပင်စင်မယူခင်က ရှေ့နေ တရားသူကြီး
Review – Hmue
File Size – 2.4GB,1GB
Format…mp4
Quality :1080p WED-DL,720p WED-DL
Genre : Drama.Crime,Mystery
Subtitle : Myanmar Subtitle (Hard Sub)
Translated by Hmue
Encoded by Arrow
Upload on Youtube
Leave a Reply