##unicode
ဒီတစ်ခါတင်ဆက်ပေးမှာကတော့ Cherry ဆိုတဲ့ crime drama ကားလေးဖြစ်ပါတယ်
Nico Walker ရဲ့နာမည်ကြီးဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ Cherry ဆိုတဲ့ဝတ္ထုကို
အခြေခံထားတာပါ စပိုက်ဒါမန်းမင်းသား Tom Holland ကခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ထားပြီး
rating အနေနဲ့ကတော့ 6.5/10 ရရှိထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ စစ်မှုထမ်းပြီး စစ်သားတစ်ယောက်ဟာတိုက်ပွဲအတွင်းမှာ
ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်ဆိုးတွေကြောင့် ဆိုးကျိုးအနေနဲ့ PTSD ဆိုတဲ့စိတ်ရောဂါကိုခံစားနေရပါတယ်
စိတ်ငြိမ်နိုင်ဖို့အတွက် ဆေးတွေသုံးရင်း မူးယစ်ဆေးရဲ့သားကောင်ဖြစ်သွားပါတော့တယ်
သူတင်မဟုတ်ဘဲ သူသိပ်ချစ်ရတဲ့ဇနီးကိုပါ ဆေးစွဲအောင်လုပ်မိတာပါ
တစ်နေ့ထက်တစ်နေ့ မူးယစ်ဆေးနွံထဲကိုနစ်လာတဲ့လင်မယားနှစ်ယောက်ရဲ့ဘဝဟာ
တဖြည်းဖြည်းဆိုးဝါးလာပါတော့တယ် နောက်ပိုင်းမှာ မူးယစ်ဆေးဝယ်ဖို့ ပိုက်ဆံအများအပြားရနိုင်ဖို့အတွက်
ဘဏ်ဓားပြတိုက်တဲ့အဆင့်ထိရောက်လာပါတော့တယ်
သူတို့နှစ်ယောက်မူးယစ်ဆေးဝါးရဲ့သားကောင်အဖြစ်ကလွတ်မြောက်နိုင်ပါ့မလား
ဒီလိုပဲဘဝကိုနစ်မွန်းပြီးအဆုံးသတ်သွားရမလားဆိုတာကိုတော့ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါနော်
မူးယစ်ဆေးရဲ့ဆိုးကျိုးကို ပညာပေးပုံစံရိုက်ကူးပြထားတာမို့ သင်ခန်းစာလည်းရမယ့်ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်
##zawgyi
ဒီတစ္ခါတင္ဆက္ေပးမွာကေတာ့ Cherry ဆိုတဲ့ crime drama ကားေလးျဖစ္ပါတယ္
Nico Walker ရဲ႕နာမည္ႀကီးဝတၳဳတစ္ပုဒ္ျဖစ္တဲ့ Cherry ဆိုတဲ့၀တၳဳကို
အေျခခံထားတာပါ စပိုက္ဒါမန္းမင္းသား Tom Holland ကေခါင္းေဆာင္မင္းသားအျဖစ္ပါ၀င္ထားျပီး
rating အေနနဲ႕ကေတာ့ 6.5/10 ရရွိထားပါတယ္။
ဇာတ္လမ္းအက်ဥ္းကေတာ့ စစ္မႈထမ္းၿပီး စစ္သားတစ္ေယာက္ဟာတိုက္ပြဲအတြင္းမွာ
ႀကဳံေတြ႕ခဲ့ရတဲ့ျဖစ္ရပ္ဆိုးေတြေၾကာင့္ ဆိုးက်ိဳးအေနနဲ႔ PTSD ဆိုတဲ့စိတ္ေရာဂါကိုခံစားေနရပါတယ္
စိတ္ၿငိမ္ႏိုင္ဖို႔အတြက္ ေဆးေတြသုံးရင္း မူးယစ္ေဆးရဲ႕သားေကာင္ျဖစ္သြားပါေတာ့တယ္
သူတင္မဟုတ္ဘဲ သူသိပ္ခ်စ္ရတဲ့ဇနီးကိုပါ ေဆးစြဲေအာင္လုပ္မိတာပါ
တစ္ေန႔ထက္တစ္ေန႔ မူးယစ္ေဆးႏြံထဲကိုနစ္လာတဲ့လင္မယားႏွစ္ေယာက္ရဲ႕ဘဝဟာ
တျဖည္းျဖည္းဆိုးဝါးလာပါေတာ့တယ္ ေနာက္ပိုင္းမွာ မူးယစ္ေဆးဝယ္ဖို႔ ပိုက္ဆံအမ်ားအျပားရႏိုင္ဖို႔အတြက္
ဘဏ္ဓားျပတိုက္တဲ့အဆင့္ထိေရာက္လာပါေတာ့တယ္
သူတို႔ႏွစ္ေယာက္မူးယစ္ေဆးဝါးရဲ႕သားေကာင္အျဖစ္ကလြတ္ေျမာက္ႏိုင္ပါ့မလား
ဒီလိုပဲဘဝကိုနစ္မြန္းၿပီးအဆုံးသတ္သြားရမလားဆိုတာကိုေတာ့ဇာတ္လမ္းထဲမွာပဲ ဆက္လက္ၾကည့္ရႈလိုက္ၾကပါေနာ္
မူးယစ္ေဆးရဲ႕ဆိုးက်ိဳးကို ပညာေပးပုံစံ႐ိုက္ကူးျပထားတာမို႔ သင္ခန္းစာလည္းရမယ့္ဇာတ္လမ္းေကာင္းေလးျဖစ္ပါတယ္
review – Phyu Sin
File Size – 1GB,2GB
Format…mp4
Quality : 1080p WED-DL,720p WED-DL
Genre :Crime, Drama
Subtitle : Myanmar Subtitle (hardsub)
Translated by Phyu Sin
Encoded by Arrow
Leave a Reply