ဒီတခါတော့ ဘောလိဒ့်ဝုဒ်ချစ်သူတွေအတွက်
IMdb 6.1/10ရထားတဲ့ netflixက
ဒရာမာဇာတ်လမ်းကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ.
ငယ်ငယ်တည်းက အမေဖြစ်သူက ဆုံးပါးသွားပြီး
အဖေဖြစ်သူကလဲ နောက်အိမ်ထောင်နဲ့
ရှောင်ပြေးသွားတာကြောင့် ချီပါလေးဟာ
အဒေါ်ဖြစ်သူနဲ့ နေထိုင်ခဲ့ရပါတယ်.
သူ၁၀နှစ်ပြည့် မွေးနေ့မှာတော့ သူ့အဖေဆီကစာတစ်စောင်ကို
မထင်မှတ်ပဲ ရရှိခဲ့ရပါတယ်.
အဲ့စာဟာ အူရဒူစကားနဲ့ရေးထားပြီး သူနားမလည်လို့
ဖတ်တတ်မယ့်လူကို ရှာချင်တာက တကြောင်း
အမြဲဆူပူကျိန်းမောင်းနေတဲ့ သူ့အဒေါ်နဲ့မနေချင်တာကလဲ
တကြောင်းကြောင့် သူဟာ အိမ်က ထွက်ပြေးလာခဲ့ပါတယ်.
သူရဲ့တကိုယ်တော် ရှာပုံတော်ခရီးမှာ လူကောင်းရော
လူဆိုးရောနဲ့ တွေ့ခဲ့ပြီး နောက်ဆုံးမှာ
အူရဒူစကားတတ်တဲ့လူနဲ့ တွေ့ပြီး သူ့စာကို
ဖတ်နိုင်သွားလားဆိုတာကို စိတ်၀င်စားဖွယ်နဲ့ ရသမျိုးစုံပါအောင်
ရိုက်ပြထားနိုင်တဲ့ ဒရာမာဇာတ်ကားလေးပါ.
ချီပါလေးရဲ့ စကားတတ်ပုံနဲ့သနားစရာပုံစံလေးကြောင့်
ရုပ်ရှင်ချစ်သူတို့ နှစ်သက်မယ်လို့ ထင်ပါတယ်.
ကြည့်ရှူခံစားပေးပါဉီးဗျာ.
Leave a Reply