Alpha Premium

Chok-Dee (2005)

Chok-Dee    

Not Rated 105 min ActionDrama

6.2
IMDB: 6.2/10 633 votes

, , ,

N/A

France

1571

Report error

##unicode
အက်ရှင် ဇာတ်ကားကောင်း မျှော်နေတဲ့သူတွေအတွက် ၂၀၀၅ ခုနစ်က ထွက်ရှိထားခဲ့တဲ့ Chok-Dee ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ထိုင်းနိုင်ငံရဲ့ ရိုးရာအားကစား ဖြစ်တဲ့ မွေထိုင်းလက်ဝှေ့ကို အခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ ဘဝကိုလွယ်လွယ်လေး နေခဲ့တဲ့ကောင်လေးတစ်ယောက် ဖြစ်တဲ့ ရိုင်းရန် ( ပြင်သစ်အသံထွက်အားဖြင့် “ဟာရာနာ”) ဟာ အလုပ်မှာ ရန်ဖြစ်ပြီး ထောင်ထဲရောက်ခဲ့ပါတယ်။ ထောင်ထဲမှာတော့ သူဘဝကို ပြောင်းလဲစေမယ့် လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့ရပါတယ်။ ထိုသူဟာ အရင်က မွေထိုင်းလက်ဝှေ့ကို ကျွမ်းကျင်စွာ ထိုးနိုင်တဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဘာရည်မှန်းချက်မှ မရှိတဲ့ ရိုင်းရန်အတွက် အဲ့ဒီလူဟာ လမ်းပြကြယ်သဖွယ်ဖြစ်ကာ လက်ဝှေ့သမားကောင်းတစ်ယောက်ဖြစ်ရမယ်ဆိုတဲ့ အိပ်မက်ကိုပါ ရိုင်းရန် ရှာတွေ့ခဲ့ပါတယ်။ သူ့ကို အခြေခံလက်ဝှေ့အကွက်လေးတွေကို သင်ပေးပြီး ထိုင်းနိုင်ငံမှာ နာမည်ကြီးတဲ့ လုဘာနရားအီ ဆိုတဲ့ သင်တန်းကျောင်းကို သွားပြီး ပညာဆက်လက်သင်ယူစေခဲ့ပါတယ်။

ထိုင်းကိုရောက်ပြီး သင်တန်းကျောင်းကို ရောက်တဲ့အခါမှာ အဲ့ထဲကို လွယ်လွယ်နဲ့ ဝင်ခွင့်မရခဲ့ပါဘူး။ ဒါပေမယ့် ရိုင်းရန်တစ်ယောက် လက်မလျှော့ဘဲ ကြိုးစားခဲ့ပါတယ်။ ဒီလိုနဲ့ ရိုင်းရန်က သူ့ရဲ့အိပ်မက်ကို အကောင်ထည်ဖော်နိုင်မလား။ သူဘာအခက်အခဲတွေရင်ဆိုင်ရမလဲ ဆိုတာကို သိချင်ရင် ကိုယ်တိုင်သာကြည့်ရှုလိုက်ပါနော်။ ဒီဇာတ်ကားက Action နဲ့ Drama အမျိုးစားဖြစ်တဲ့အပြင် Motivated ဖြစ်စေတဲ့အတွက် ကြည့်ရှုရတာနဲ့ တန်စေမှာ အသေချာပါပဲ။

##zawgyi

အက္ရွင္ ဇာတ္ကားေကာင္း ေမွ်ာ္ေနတဲ့သူေတြအတြက္ ၂၀၀၅ ခုနစ္က ထြက္ရွိထားခဲ့တဲ့ Chok-Dee ဆိုတဲ့ကားေလးနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ ဒီ႐ုပ္ရွင္ဟာ ထိုင္းႏိုင္ငံရဲ႕ ႐ိုးရာအားကစား ျဖစ္တဲ့ ေမြထိုင္းလက္ေဝွ႔ကို အေျခခံၿပီး ႐ိုက္ကူးထားတာပဲျဖစ္ပါတယ္။

ဇာတ္လမ္းကေတာ့ ဘဝကိုလြယ္လြယ္ေလး ေနခဲ့တဲ့ေကာင္ေလးတစ္ေယာက္ ျဖစ္တဲ့ ႐ိုင္းရန္ ( ျပင္သစ္အသံထြက္အားျဖင့္ “ဟာရာနာ”) ဟာ အလုပ္မွာ ရန္ျဖစ္ၿပီး ေထာင္ထဲေရာက္ခဲ့ပါတယ္။ ေထာင္ထဲမွာေတာ​့ သူဘဝကို ေျပာင္းလဲေစမယ့္ လူတစ္ေယာက္နဲ႔ ေတြ႕ဆုံခဲ့ရပါတယ္။ ထိုသူဟာ အရင္က ေမြထိုင္းလက္ေဝွ႔ကို ကြၽမ္းက်င္စြာ ထိုးႏိုင္တဲ့သူတစ္ေယာက္ျဖစ္ခဲ့ပါတယ္။ ဘာရည္မွန္းခ်က္မွ မရွိတဲ့ ႐ိုင္းရန္အတြက္ အဲ့ဒီလူဟာ လမ္းျပၾကယ္သဖြယ္ျဖစ္ကာ လက္ေဝွ႔သမားေကာင္းတစ္ေယာက္ျဖစ္ရမယ္ဆိုတဲ့ အိပ္မက္ကိုပါ ႐ိုင္းရန္ ရွာေတြ႕ခဲ့ပါတယ္။ သူ႔ကို အေျခခံလက္ေဝွ႔အကြက္ေလးေတြကို သင္ေပးၿပီး ထိုင္းႏိုင္ငံမွာ နာမည္ႀကီးတဲ့ လုဘာနရားအီ ဆိုတဲ့ သင္တန္းေက်ာင္းကို သြားၿပီး ပညာဆက္လက္သင္ယူေစခဲ့ပါတယ္။

ထိုင္းကိုေရာက္ၿပီး သင္တန္းေက်ာင္းကို ေရာက္တဲ့အခါမွာ အဲ့ထဲကို လြယ္လြယ္နဲ႔ ဝင္ခြင့္မရခဲ့ပါဘူး။ ဒါေပမယ့္ ႐ိုင္းရန္တစ္ေယာက္ လက္မေလွ်ာ့ဘဲ ႀကိဳးစားခဲ့ပါတယ္။ ဒီလိုနဲ႔ ႐ိုင္းရန္က သူ႔ရဲ႕အိပ္မက္ကို အေကာင္ထည္ေဖာ္ႏိုင္မလား။ သူဘာအခက္အခဲေတြရင္ဆိုင္ရမလဲ ဆိုတာကို သိခ်င္ရင္ ကိုယ္တိုင္သာၾကည့္ရႈလိုက္ပါေနာ္။ ဒီဇာတ္ကားက Action နဲ႔ Drama အမ်ိဳးစားျဖစ္တဲ့အျပင္ Motivated ျဖစ္ေစတဲ့အတြက္ ၾကည့္ရႈရတာနဲ႔ တန္​ေစမွာ အေသခ်ာပါပဲ။

Review – Yelo momo
File Size – 1.2GB
Format…mp4
Quality : 1080p Blu-ray
Duration… 1
Genre : Action, Drama
Subtitle : Myanmar Subtitle (Hard Sub)
Translated by Yelo momo
Encoded by Arrow

No downloads available

Leave a Reply

Your email address will not be published. Required fields are marked *

1 Comment

  1. Min Phay Gyi says:

    ဒေါင်းလို့မရဘူး Login ပ​ဲ၀င်ခိုင်းနေတယ်

Related movies