Exit print mode Print Data A+ A- Undo all

Clover

Luck be a lady
CloverClover

Synopsis:

Clover 2020
ဒီဇာတ်ကားလေးကတော့ ကလိုဗာ လို့ခေါ်တဲ့ ၁၈ နှစ်သမီးလေးအကြောင်းကိုရိုက်ပြထားတာလည်းဖြစ်နိုင်သလို……..
Clover(ကံကောင်းစေတဲ့ပဲရိုင်းရွက်)အကြောင်းလည်းပြောထားတာဖြစ်နိုင်ပါတယ်။

ဘာလို့လဲဆိုတော့ ဒီကားရဲ့အစမှာ အမြဲေ-ာက်နဲ့ -ီးကိုပါးစပ်ကမချတဲ့ ညီအကိုနှစ်ယောက်ဖြစ်တဲ့ ဖရန့်ကီနဲ့မစ်ကီ တို့နှစ်ယောက်က သူတို့မိဘဘိုးဘွားအစဉ်အဆက်ကပိုင်လာတဲ့ဘားကိုသူတို့လက်ထဲမှ ဆုံးခါနီးတော့ နှစ်ကောင်သားရန်ဖြစ်တာနဲ့စထားတာပါ။

သူတို့က ဇာတ်လမ်းအစမှာလည်းရန်ဖြစ်တယ် အလယ်လည်းဖြစ်တာပဲ ပြီးခါနီးတောင်ဖြစ်သွားသေးတာ အဲ့ အသတ်ခံရခါနီးတောင် ရန်ဖြစ်သေးတာ။

ဒါပေမယ့် သူတို့သေဖို့နီးစပ်လာတိုင်း အဲ့ပဲရိုင်းကိုတစ်နေရာရာမှာတွေ့ရင်လွတ်လွတ်လာကြတယ်။အဲ့တာလည်း ဒီကားမှာစိတ်ဝင်စားဖို့ကောင်းပါတယ်။

ပြီးတော့ထူးခြားတာက ဇာတ်လိုက်တစ်ယောက်ဖြစ်တဲ့ကလိုဗာမှာက အမေနှစ်ယောက်ရှိတယ်။

အဲ့အမေနှစ်ယောက်က လူမိုက်တွေ(ဂေါ်ချက်ပဲ) နောက်တစ်ခုက မစ်ကီ ဖရန့်ကီကိုပြောတဲ့စကားတွေ၊အဲ့အမေနှစ်ယောက်ဆိုတဲ့သူနှစ်ယောက်ရဲ့အပေးအယူမျှမှုတွေ က ပထမစကြည့်တုန်းက BL တွေလားလို့တောင်ထင်သွားစေပါတယ်။

ပြီးတော့ အဲ့အမေနှစ်ယောက်က သူတို့ကိုခိုင်းထားတဲ့အလုပ်ကိုပြီးအောင်လုပ်ဖို့ ကလိုဗာကိုဘယ်လိုသုံးခဲ့လဲ………….ညီအကိုနှစ်ယောက်ရော နောက်ဆုံးအသက်ရှင်သွားလား……..ဆိုတာတွေကို စိတ်ဝင်စားဖွယ် ဟာသပါနှောပြီးတော့ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကားပါ

Original title
Clover
Director
Jon Abrahams
Stars
Erika Christensen, Jon Abrahams, Mark Webber, Nicole Elizabeth Berger
Release Date
03 Apr 2020
Rated
N/A
Runtime
101 min
Awards
N/A
Country
USA
Budget
USD $0,00
Revenue
USD $0,00
Popularity
6.213
Status
Released
ID IMDb.com
tt7801350
IMDB Rating
4.0
IMDB votes
110
ID Themoviedb.org
639103
TMDb Rating
4
TMDb votes
1