##unicode
Angelina Jolie ပါတဲ့ Adventure, Fantasy ကားလေးတစ်ကားလာပါပြီ
ဇာတ်လမ်းအကျဉ်း
ဇာတ်လမ်းထဲမှာ ကလေးတွေကိုပြောပြတဲ့ပုံပြင်လေး တစ်ခုကတော့
“ရှေးရှေးတုန်းက ဟိုးအဝေးဒေသလေးတစ်ခုမှာ မိသားစုလေးတစ်ခုရှိတယ်
အဲ့ဒီက ကလေးတွေဟာ နေ့စဉ်နဲ့အမျှ သူတို့ကိုပြောထားတဲ့ ဘယ်လိုနေ ဘယ်လိုထိုင်ဆိုတဲ့အတိုင်းပဲ နေထိုင်ခဲ့ကြတယ်
ဒါပေမယ့်သူတို့ရဲ့နှလုံးသားအနက်ရှိုင်းဆုံးတစ်နေရာမှာတော့ ငါတို့အရွယ်ရောက်လာရင် ငါတို့အသက်တွေကြီးလာရင် ဘာတွေဖြစ်လာမှာလဲ ဘယ်လိုတွေတွေ့ကြုံရမှာလဲဆိုတဲ့ စိတ်ပူပန်မှုလေးတွေရှိနေခဲ့ကြပါတယ်တဲ့
ညဘက်အခါအိပ်စက်ရင်တော့ အဲ့ဒီအတွေးတွေဟာ Dreaming dust လေးတွေအဖြစ် အခန်းထဲမှာ ပြည့်နှက်နေတတ်ကြပါတယ်
အရွယ်ရောက်ပြီးသား လူကြီးတွေကတော့ အိမ်မက်မက်ဖို့ကို မေ့နေတတ်ကြပါတယ်တဲ့”
လက်မှုပညာသည် ဂျိမ်းစ်နဲ့ သူ့ရဲ့ဇနီးဖြစ်သူ ရိုစ့်တို့ဟာ တောအုပ်လေးနားမှာ သားသမီးသုံးယောက်နဲ့အတူ
တစ်ထပ်အိမ်လေးနဲ့နေထိုင်ကြပါတယ်
တစ်နေ့မှာတော့ ကလေးတွေဆော့ကြရင်း သားတစ်ယောက်က မတော်တဆသေဆုံးသွားခဲ့ရပါတယ်
အဖေဖြစ်သူမှာလည်း အကြွေးတွေပြန်ပေါ်လာခဲ့ပါတယ်
ဒါကို ကျန်ရှိတဲ့မောင်နှမနှစ်ယောက်ဖြစ်တဲ့ Peter နဲ့ Alice တို့ကဖြေရှင်းဖို့ကြိုးစားရှင်း ငယ်ရွယ်တဲ့သူတို့လေးတွေ ဘာတွေရင်ဆိုင်ကြုံတွေရလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါအုံး
##zawgyi
ဇာတ်လမ်းအကျဉ်း
Review – Chuu Chuu
File Size – 1GB
Format…mp4
Quality : 1080p WEB-DL
Duration…1h 34min
Genre :Adventure, Drama, Fantasy
Subtitle : Myanmar Subtitle (Hard Sub)
Translated by Chuu Chuu
Encoded by Arrow
Upload on Youtube
Leave a Reply