Crash ဆိုတဲ့ ဇာတ်ကားကတော့ လော့စ်အန်ဂျလိစ်မြို့တော်တွင်း လူမျိုးရေးခွဲခြားမှုတွေ လူ့အသိုင်းအဝိုင်းကြားတင်းမာမှုတွေကို ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်
လူဖြူ လူမည်းခွဲခြားမှုတွေကြားမှာ လူဖြူတွေကို မုန်းတီးပြီး အနုကြမ်းစီးတတ်တဲ့ Anthnoy ဟာ သူ့အဖော်နဲ့အတူ လူဖြူရှေ့နေ Rick နဲ့ သူ့ဇနီး Jean တို့ရဲ့ကားကို လုခဲ့ပါတယ်။
ဒီဇာတ်ကားလေးထဲမှာ
ိုသေနတ်နဲ့ခြိမ်းခြောက်ခံခဲ့ရတဲ့အတွက် လူမည်းတွေကို ကြောက်ရွံ့သွားပြီး သူ့အိမ်မှာအလုပ်လာလုပ်တဲ့ လူမည်းတွေကို မယုံကြည်နိုင်တော့တဲ့ Jean
ကျည်ဆံသံတွေကြား အိမ်ခဏခဏပြောင်းခဲ့တဲ့ သော့ပြင်ဆရာ Daniel
သော့ပြင်ဆရာနဲ့အခြေအတင်စကားများပြီးနောက် လူမည်းသော့ပြင်ဆရာကြောင့် သူ့ဆိုင်ဖောက်ထွင်းခံရတယ် ယူဆထားသူ Farhand
လူမည်းတစ်ယောက်ဖြစ်တဲ့အတွက် ဇနီးဖြစ်သူကို ရဲတစ်ဦး လက်သရမ်းတာကို ကြည့်နေခဲ့ရတဲ့ လူမည်းရုပ်ရှင်ဒါရိုက်တာ Cameron
ဖခင်ရဲ့ရောဂါကြောင့် ဆေးရုံမှတာဝန်ရှိသူ လူမည်းအမျိုးသမီးကို မကျေမနပ်ဖြစ်နေသူ ရဲအရာရှိ Ryan
လူမျိုးရေးခွဲခြားမှုကြောင့် ဖြစ်ပေါ်လာတဲ့ လူသတ်မှုတစ်ခုကို စုံစမ်းနေသူ လူမည်းစုံထောက်တစ်ယောက်ဦး Graham waters
စတဲ့ဇာတ်ကောင်တွေရဲ့ လှုပ်ရှားမှုတွေနဲ့ အမေရိကန်လူ့အသိုင်းအဝိုင်းကြား ဖြစ်ရပ်တွေကို ပုံဖော်ထားတာတွေ့ရမှာပါ။
ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့
ခရိုင်ရှေ့နေ Rick အဖြစ် Brendan Fraser
ခရိုင်ရှေ့နေ Rick ရဲ့ဇနီး Jean အဖြစ် Sandra Bullock
စုံထောက် Graham Waters, အဖြစ် Don Cheadle
ရဲအရာရှိ Ryan အဖြစ် Matt Dillon
ဒါရိုက်တာCameron Thayer အဖြစ်
Terrence Howard
ကားလုပြေးသူ Anthony အဖြစ်Ludacris တို့ပဲအပြင် Jennifer Esposito, William Fichtner, Brendan Fraser, Chris “Ludacris” Bridges, Michael Peña, and Ryan Phillippe တို့လည်း ပါဝင်ထားပါတယ်။
ဒီဇာတ်ကားထဲက ဇာတ်ဝင်ခန်းတွေမှာ ဖြစ်ရပ်မှန်တစ်ချို့ ထည့်သွင်းရိုက်ကူးထားကိုတွေ့ရပြီး ဝေဖန်ရေးဆရာတွေရဲ့ မှတ်ချက်ကောင်းတွေရရှိထားတဲ့ ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။
Leave a Reply