##unicode
“ငါတို့မှာအချိန်တွေ ရှိသေးတယ်
ငါတို့မိဘတွေမှာ မရှိတော့ဘူး
သူတို့ကို ချစ်လို့ရနေတုန်းမှာချစ်ကြပါ”
“အဖေ”ဆိုတဲ့ ဇာတ်လမ်းနာမည်အတိုင်း ဖခင်တစ်ယောက်ရဲ့ဘဝကို သဘာဝကျကျလေးနဲ့ပုံဖော်ထားတဲ့ ဗီယက်နမ်ကားလေးပါ။
ဆိုင်ဂွန်မြို့ကြီးရဲ့ လမ်းကြိုလမ်းကြားထဲက အခြေခံလူတန်းစားတွေထဲမှာ ဘဆန်းတို့မိသားစုလည်း အပါဝင်ပေါ့။
ဘဆန်းတို့က မောင်နှမ ၄ ယောက်ရှိတယ်။ အစ်မအကြီးဆုံးက ပြေလည်တယ်။
ဒုတိယမြောက်ဘဆန်းကတော့ စားလောက်ရုံ။ တတိမြောက်ညီက ထမင်းဆိုင်ဖွင့်ထားတယ်။
ညီအငယ်ဆုံးကတော့ အရက်သမား။
ဘဆန်းမှာက သားတစ်ယောက်၊ သမီးတစ်ယောက်ရှိတယ်။ ဘဆန်းက သူ့ညီအစ်ကိုမောင်နှမတွေအတွက်ဆိုရင်
အမြဲတမ်းအနစ်နာခံတတ်တယ်။ သူ့သားကတော့ ဒါကိုသိပ်မကျေနပ်လှဘူး။ သူ့အဖေကို ကိုယ့်အတွက်ပဲကိုယ်ရှင်သန်စေချင်တယ်။
ဒီလိုနဲ့ နောက်ဖေးလမ်းကြားလေးထဲက ဒီမိသားစုဆီကို လောကဓံလှိုင်းတွေက နိမ့်ချည်မြင့်ချည် တစ်လုံးပြီးတစ်လုံး
ရိုက်ခတ်လာတဲ့အခါမှာတော့ ဘယ်လိုမျိုးတွေရင်ဆိုင်ကျော်လွှားသွားကြမလဲဆိုတာကို ခံစားကြည့်ရှုကြရမယ့်
၅၂၈ မေတ္တာကိုဖော်ကျူးထားတဲ့ မိသားစုဇာတ်လမ်းကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။
##zawgyi
“ငါတို႔မွာအခ်ိန္ေတြ ရွိေသးတယ္
ငါတို႔မိဘေတြမွာ မရွိေတာ့ဘူး
သူတို႔ကုိ ခ်စ္လို႔ရေနတုန္းမွာခ်စ္ႀကပါ”
“အေဖ”ဆိုတဲ့ ဇာတ္လမ္းနာမည္အတိုင္း ဖခင္တစ္ေယာက္ရဲ႕ဘဝကို သဘာဝက်က်ေလးနဲ႔ပုံေဖာ္ထားတဲ့ ဗီယက္နမ္ကားေလးပါ။
ဆိုင္ဂြန္ၿမိဳ႕ႀကီးရဲ႕ လမ္းႀကိဳလမ္းၾကားထဲက အေျခခံလူတန္းစားေတြထဲမွာ ဘဆန္းတို႔မိသားစုလည္း အပါဝင္ေပါ့။
ဘဆန္းတို႔က ေမာင္ႏွမ ၄ ေယာက္ရွိတယ္။ အစ္မအႀကီးဆုံးက ေျပလည္တယ္။
ဒုတိယေျမာက္ဘဆန္းကေတာ့ စားေလာက္႐ုံ။ တတိေျမာက္ညီက ထမင္းဆိုင္ဖြင့္ထားတယ္။
ညီအငယ္ဆုံးကေတာ့ အရက္သမား။
ဘဆန္းမွာက သားတစ္ေယာက္၊ သမီးတစ္ေယာက္ရွိတယ္။ ဘဆန္းက သူ႔ညီအစ္ကိုေမာင္ႏွမေတြအတြက္ဆိုရင္
အၿမဲတမ္းအနစ္နာခံတတ္တယ္။ သူ႔သားကေတာ့ ဒါကိုသိပ္မေက်နပ္လွဘူး။ သူ႔အေဖကို ကိုယ့္အတြက္ပဲကိုယ္ရွင္သန္ေစခ်င္တယ္။
ဒီလိုနဲ႔ ေနာက္ေဖးလမ္းၾကားေလးထဲက ဒီမိသားစုဆီကို ေလာကဓံလႈိင္းေတြက နိမ့္ခ်ည္ျမင့္ခ်ည္ တစ္လုံးၿပီးတစ္လုံး
႐ိုက္ခတ္လာတဲ့အခါမွာေတာ့ ဘယ္လိုမ်ိဳးေတြရင္ဆိုင္ေက်ာ္လႊားသြားၾကမလဲဆိုတာကို ခံစားၾကည့္ရႈၾကရမယ့္
၅၂၈ ေမတၱာကိုေဖာ္က်ဴးထားတဲ့ မိသားစုဇာတ္လမ္းေကာင္းေလးတစ္ခုကို တင္ဆက္ေပးလိုက္ပါတယ္။
Review – Yue Liang
File Size – 1GB,2GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Genre :Comedy, Family
Subtitle : Myanmar Subtitle (Hard Sub)
Translated by Yue Liang
Encoded by Arrow
Upload on Youtube
Leave a Reply