Exit print mode Print Data A+ A- Undo all

Danger: Diabolik

Out for all he can take, seduce, or get away with...
Danger: DiabolikDanger: Diabolik

Synopsis:

၁၉၆၈ မေလမှာ စပြီးရုံတင်ခဲ့ပြီး ခေတ်နဲ့မလိုက်အောင်ကို ရိုက်ပြသွားတဲ့ကား…
ကောင်းတာလည်းမပြောနဲ့ ရိုက်တဲ့ဒါရိုက်တာက Mario Bava ကိုးဗျ
ဟာကျူလီဇာတ်ကားကို စရိုက်ခဲ့တဲ့သူ…Hercules (1958)

ငွေပုံပေါ်မှာအိပ်တဲ့သူ…
ရဲတစ်ဖွဲ့တစ်ခုလုံးကို တစ်ကိုယ်တော် အရူးလုပ် လှည့်စားနိုင်သူ…
မိန်းမချောလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး လိုချင်တာဆို မရရအောင် ခိုးယူနိုင်သူ…
ဒါဟာ နှစ်ယောက်မရှိတဲ့ Diabolik ပါပဲ ။

ဇာတ်လမ်းမှာဆိုရင် Diabolik ဘယ်လိုဖြစ်လာတယ်ဆိုပြီး ငယ်ဘဝကို ပေရှည်ပြီးရိုက်ပြထားခြင်းမျိုးမဟုတ်ဘဲ…
ဇာတ်လမ်းအစမှာတည်းက ဘဏ်တစ်ခုနဲ့တစ်ခု ငွေအပြောင်းအရွှေ့ကို ဘယ်လို အကွက်ကျကျ ရဲတွေကို အရူးလုပ်ပြီး ခိုးယူသွားလဲဆိုတာနေ ရိုက်ပြထားပါတယ် ။
တစ်နေ့ သူ့ကောင်မလေးက မွေးနေ့အတွက် မွေးနေ့လက်ဆောင်ကို
ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး မစ္စတာဟာရိုးကလက်ရဲ့ဇနီးဆွဲထားတဲ့ ကမ္ဘာပေါ်မှာ စံထားအရဆုံး အဖိုးတန်မြ ၁၁ခုနဲ့စီချယ် ပြုလုပ်ထားတဲ့ လည်ဆွဲကို လိုချင်တယ်လို့ ပြောလိုက်တဲ့အခါမှာတော့…
အဲ့လည်ဆွဲကို ဝင်ပေါက်တစ်ခုသာရှိပြီး အနောက်မှာ ပင်လယ်ကြီးသာရှိတဲ့ အမြင့်ဆုံး မျှော်စင်မှာထားထားတဲ့အပြင် အစောင့်ပေါင်း အယောက် ၈၀ လောက်ရှိပါတယ်
ဒါပေမယ့် Diabolik ဆိုတာ ခေသူမဟုတ်လေတော့…

နောက်ဆုံးတစ်ချက်အနေနဲ့ Diabolik က ဒီလောက်ခိုးယူထားတာတွေ အများကြီးကို ဘယ်မှာထားထားလဲ
သူနေတဲ့နေရာက ဘယ်လောက်မိုက်လဲဆိုတာကတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှု့လိုက်ပါ

Original title
Danger: Diabolik
Director
Mario Bava
Stars
Adolfo Celi, John Phillip Law, Marisa Mell, Michel Piccoli
Release Date
01 May 1968
Rated
Not Rated
Runtime
105 min
Awards
N/A
Country
Italy, France
Budget
USD $400 000,00
Revenue
USD $0,00
Popularity
6.278
Status
Released
ID IMDb.com
tt0062861
IMDB Rating
6.5
IMDB votes
5,701
ID Themoviedb.org
2994
TMDb Rating
6.4
TMDb votes
93