(App member only)
##unicode
Dasviဇာတ်ကားမှာတော့ Chaudharyဟာ ပညာမတတ်တဲ့ ဝန်ကြီးချုပ်တစ်ယောက်ဖြစ်ပါတယ်။
သူ့က ပညာရေးထက် ချမ်းသာကြွယ်ဝမှုက ပိုပြီးအရေးကြီးတယ်လို့ ခံယူထားသူပါ။
အကျင့်ပျက်ချစားမှုပေါင်းများစွာကို ပြုလုပ်ထားတဲ့ ဝန်ကြီးချုပ်Chaudharyဟာ ပညာရေးဝန်ထမ်းတွေကြောင့်
ထောင်ကျသွားခဲ့တယ်။Chaudharyဟာ ဝန်ကြီးချုပ်ရာထူးကိုမိန်းမဖြစ်သူBimalaကိုလွဲပြောင်းပေးလိုက်ပြီးတော့
ထောင်ထဲကနေ အစိုးရအဖွဲ့ကို ဆက်လက်အုပ်ချုပ်ခဲ့တယ်။ဒါပေမဲ့ထောင်မှုးသစ်Jyotiရောက်လာချိန်မှာတော့
Chaudharyရဲ့အစီအစဉ်တွေ ပျက်စီးသွားရတော့တယ်။ထောင်မှုးသစ်Jyotiဟာ လာဘ်ပေးလာဘ်ယူမလုပ်ဘဲ
တာဝန်ကျေပွန်အောင်ထမ်းဆောင်တဲ့ ထောင်မှုးဖြစ်တာကြောင့် Chaudharyကိုလဲ မျက်နှာသာမပေးဘဲ
ထောင်သားတစ်ယောက်လိုသာ ဆက်ဆံခဲ့တယ်။
ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့Chaudharyကတော့ Jyotiကို သည်းမခံနိုင်တော့ဘဲ ရာထူးပြောင်းရွေ့ဖို့ လုပ်ခဲ့သော်လည်း
ကျရှုံးခဲ့ရတယ်။ဒီလိုနဲ့ထောင်ထဲမှာ အလုပ်မလုပ်ဘဲနေရအောင်အတွက် Chaudharyအထက်တန်းစာမေးပွဲဖြေဖို့
စီစဉ်ခဲ့ပါတယ်။Jyotiကလဲ Chaudharyအထက်တန်းစာမေးပွဲမအောင်ရင် ဝန်ကြီးချုပ်ပြန်မလုပ်ရဘူးလို့
စိန်ခေါ်ခဲ့တယ်။တစ်သက်လုံးပညာရေးကို ရှုံချလာတဲ့ Chaudharyတစ်ယောက် အထက်တန်းစာမေးပွဲကို
အောင်မြင်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုကြပါအုံး။
##zawgyi
Dasviဇာတ္ကားမွာေတာ့ Chaudharyဟာ ပညာမတတ္တဲ့ ၀န္ႀကီးခ်ဳပ္တစ္ေယာက္ျဖစ္ပါတယ္။
သူ႔က ပညာေရးထက္ ခ်မ္းသာႂကြယ္၀မႈက ပိုၿပီးအေရးႀကီးတယ္လို႔ ခံယူထားသူပါ။
အက်င့္ပ်က္ခ်စားမႈေပါင္းမ်ားစြာကို ျပဳလုပ္ထားတဲ့ ၀န္ႀကီးခ်ဳပ္Chaudharyဟာ ပညာေရး၀န္ထမ္းေတြေၾကာင့္
ေထာင္က်သြားခဲ့တယ္။Chaudharyဟာ ၀န္ႀကီးခ်ဳပ္ရာထူးကိုမိန္းမျဖစ္သူBimalaကိုလြဲေျပာင္းေပးလိုက္ၿပီးေတာ့
ေထာင္ထဲကေန အစိုးရအဖြဲ႕ကို ဆက္လက္အုပ္ခ်ဳပ္ခဲ့တယ္။ဒါေပမဲ့ေထာင္မႈးသစ္Jyotiေရာက္လာခ်ိန္မွာေတာ့
Chaudharyရဲ႕အစီအစဥ္ေတြ ပ်က္စီးသြားရေတာ့တယ္။ေထာင္မႈးသစ္Jyotiဟာ လာဘ္ေပးလာဘ္ယူမလုပ္ဘဲ
တာ၀န္ေက်ပြန္ေအာင္ထမ္းေဆာင္တဲ့ ေထာင္မႈးျဖစ္တာေၾကာင့္ Chaudharyကိုလဲ မ်က္ႏွာသာမေပးဘဲ
ေထာင္သားတစ္ေယာက္လိုသာ ဆက္ဆံခဲ့တယ္။
၀န္ႀကီးခ်ဳပ္ျဖစ္ခဲ့တဲ့Chaudharyကေတာ့ Jyotiကို သည္းမခံႏိုင္ေတာ့ဘဲ ရာထူးေျပာင္းေ႐ြ႕ဖို႔ လုပ္ခဲ့ေသာ္လည္း
က်ရႈံးခဲ့ရတယ္။ဒီလိုနဲ႔ေထာင္ထဲမွာ အလုပ္မလုပ္ဘဲေနရေအာင္အတြက္ Chaudharyအထက္တန္းစာေမးပြဲေျဖဖို႔
စီစဥ္ခဲ့ပါတယ္။Jyotiကလဲ Chaudharyအထက္တန္းစာေမးပြဲမေအာင္ရင္ ၀န္ႀကီးခ်ဳပ္ျပန္မလုပ္ရဘူးလို႔
စိန္ေခၚခဲ့တယ္။တစ္သက္လုံးပညာေရးကို ရႈံခ်လာတဲ့ Chaudharyတစ္ေယာက္ အထက္တန္းစာေမးပြဲကို
ေအာင္ျမင္ႏိုင္ပါ့မလားဆိုတာကို ၾကည့္ရႈၾကပါအုံး။
Review – Myet Chel
File Size – 1GB,2GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Myet Chel
Encoded by Arrow
====================================================================
App ေဒါင္းရန္
မန်ဘာဝင်လိုသူများ
viber – 0969117714
Leave a Reply