Exit print mode Print Data A+ A- Undo all

Deliver Us from Evil

Deliver Us from EvilDeliver Us from Evil

Synopsis:

Deliver Us from Evil(2020)

NIS အေးဂျင့်ဟောင်းဖြစ်သူ ဂင်အင်နမ်တစ်ယောက် အေးဂျင့်လောကကနေ

အနားယူတော့ သူဆက်လုပ်တဲ့အလုပ်က ဆန်းတယ်လို့ပြောရမလား….

အတိုက်အခိုက်အသတ်အပုတ် ကျွမ်းကျင်တော့ ကြေးစားလူသတ်သမားဆက်လုပ်တယ်….

ဒီလိုကြေးစားဘဝကနေ နောက်ဆုံးအနေနဲ့ ငွေကြေးအလုံးလိုက်အခဲလိုက်ယူပြီး

လူတစ်ယောက်ကို သတ်ခဲ့လိုက်တယ်…..

နောက်ပိုင်းအနားယူမယ်လို့ စီစဉ်ခါမှ သူသတ်ခဲ့တဲ့သူရဲ့ ညီဖြစ်သူ ရေးဆိုတဲ့ သူက လက်စားြပန်ချေဖို့

ကြိုးစားပါတော့တယ်…ရေးဆိုတာကလည်း ဒီလောကမှာ ဆရာတစ်ဆူ…ဉာဏ်ကောင်းထက်မြက်တဲ့အပြင်

အတိုက်အခိုက်မှာလည်းဆရာကျတဲ့သူ…သူတို့(၂)ယောက်ထိပ်တိုက်ဆုံကြတဲ့အပြင်

တခြားပြဿနာကြီးတစ်ခုကပါ ထပ်တိုးလာတဲ့အခါမှာတော့….

ဒီကားက ကိုးရီးယားတို့ရဲ့ အထင်ကရမင်းသားကြီး(၂)ယောက်ဖြစ်တဲ့ Jung-min Hwang နဲ့Jung-jae Lee

တို့အပြုင်ကျဲထားတဲ့ကားပါ….အက်ရှင်ခန်းတွေလည်း အတော်မိုက်သလို ကလေးသူငယ်တွေနဲ့

ခပ်နုနုသူတွေမကြည့်သင့်ပါဘူး…လည်လှီးခန်းတွေ ဗိုက်ကိုဓားနဲ့ထိုးပြီး ဆွဲမွှေ့တဲ့အခန်းတွေ

သွေးထွက်သံယိုခန်းပေါင်းများစွာပါဝင်ပါတယ်…

အခြား အက်ရှင်မင်းသားကားတွေ ကြံဖန်သတ်ပုတ်နေတာမျိုးမဟုတ်ဘဲ ဇာတ်လမ်းကောင်းကောင်းနဲ့

လိုအပ်တဲ့အချိန်လိုအပ်တဲ့အခါမျိုးမှရှယ်ဗျင်းတဲ့ကားမို့ လက်မလွှတ်သင့်ပါကြောင်းသတင်းကောင်းပါးပါရစေ…

Original title
Deliver Us from Evil
Director
Won-Chan Hong
Stars
Hee-Seo Choi, Jung-jae Lee, Jung-min Hwang, Jung-min Park
Release Date
05 Aug 2020
Rated
Not Rated
Runtime
108 min
Awards
N/A
Country
South Korea
Budget
USD $12 000 000,00
Revenue
USD $0,00
Popularity
14.641
Status
Released
ID IMDb.com
tt12763920
IMDB Rating
N/A
IMDB votes
N/A
ID Themoviedb.org
581526
TMDb Rating
7.5
TMDb votes
13