##unicode
Digဇာတ်ကားမှာတော့Scottတစ်ယောက်ဟာ သူ့ရဲ့ရူးမိုက်တဲ့လုပ်ရပ်ကြောင့် ဇနီးဖြစ်သူကို ဆုံးရှုံးခဲ့ရပြီးတော့ သမီးဖြစ်သူJaneကိုပါ
နားမကြားတဲ့ဘဝကိုရောက်သွားစေခဲ့တယ်။သမီးဖြစ်သူJaneကတော့ ဒီမတော်မဆမှုကြောင့် စိတ်ဒဏ်ရာရသွားပြီးတော့ Scottကိုစကားမပြောတော့ပါဘူး။
Scottတစ်ယောက် Jane သူ့ကိုစကားပြန်ပြောလာအောင် ကြိုးစားနေတဲ့အပြင် Janeရဲ့နားမကြားတဲ့ရောဂါကို ကုသပေးဖို့အတွက် ငွေရှာဖွေနေချိန်မှာ
Victorဆိုတဲ့လူတစ်ယောက် သူ့ရုံးခန်းကိုရောက်လာကာ အိမ်တစ်အိမ်ကိုဖျက်ပြီး မြေကြီးတူးပေးဖို့ အလုပ်လာအပ်ခဲ့တယ်။အားလပ်ရက်ခရီးစဉ်ကြောင့်
အလုပ်ကိုငြင်းဖို့ စဉ်းစားခဲ့ပေမဲ့ Victorပေးတဲ့ ငွေပမာဏကများပြားနေတာကြောင့် ScottဟာJaneကိုပါ အလုပ်ခွင်ကိုခေါ်သွားခဲ့တယ်။
သူတို့အလုပ်လုပ်နေတုန်းမှာပဲ သေနတ်ကိုင်စုံတွဲတစ်တွဲက ရောက်လာပြီးတော့ Janeကိုဓားစာခံအဖြစ်နဲ့ဖမ်းကာ သူတို့ခိုင်းတဲ့အလုပ်ကို လုပ်ပေးဖို့
Scottကိုခိုင်းစေခဲ့တယ်။သူတို့အလုပ်လုပ်ရတဲ့အိမ်က လူခြေတိတ်သဲကန္တရာထဲမှာရှိနေတာကြောင့် Scottတစ်ယောက်အနီးနားပတ်ဝန်းကျင်ကို
အကူအညီတောင်းလို့မရဘဲနဲ့ သမီးဖြစ်သူအန္တရာယ်ကင်းဖို့ ဒီစုံတွဲခိုင်းသမျှကိုလုပ်ပေးရတော့ပါတယ်။Scottတစ်ယောက် ဒီသေနတ်သမားတွေလက်ထဲကနေ
သမီးဖြစ်သူJaneကိုကယ်တင်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုကြပါအုံး။
##zawgyi
Review – Myet Chel
File Size – 1GB,2GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Myet Chel
Encoded by Arrow
=================================================================================
GDtot လင့်ဒေါင်းနည်း (အစိမ်းပြထားတာကိုကလစ်ပါ)
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
Upload on Youtube
Leave a Reply