Alpha Premium

A. Vinoth Kumar

Laththi (2022) N/A
Laththi (2022) ##unicode "Laththi" ဆိုတဲ့အိန္ဒိယဇာတ်ကားကောင်းလေးကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ မူရူဂန်နန်သန်ဟာ ရိုးသားတဲ့ရဲအရာရှိတစ်ယောက်ဖြစ်ပြီးတော့ ဇနီးဖြစ်သူနဲ့အတူ သားလေးတစ်ယောက်ကိုပျိုးထောင်ရင်း အေးအေးချမ်းချမ်းနေနေတဲ့သူဖြစ်ပါတယ် မူရူဂန်နန်သန်ဟာ အကြောင်းကိစ္စတစ်ခုကြောင့်အလုပ်ကရပ်နားခံရပြီး အိမ်မှာပဲအမြဲနေနေရတာပေါ့ ဒီလိုနဲ့တစ်ရက်မှာတော့ အရင်တုန်းက အထက်လူကြီးတစ်ယောက်ရဲ့အကူအညီနဲ့ အလုပ်ရပ်နားခံရတာကို ရုတ်သိမ်းလိုက်ပြီး အလုပ်ပြန်ဝင်ဖို့ဖြစ်လာခဲ့ပါတယ် အလုပ်ပြန်ဝင်ပြီးမကြာခင်မှာပဲ မူရူဂန်နန်သန့်ကိုကူညီပေးခဲ့တဲ့အထက်လူကြီးဟာ သူ့သမီးကို နှောင့်ယှက်ပြီးအရှက်ရအောင်လုပ်ခဲ့တဲ့ လူဆိုးတစ်ယောက်ကို ဖမ်းဆီးထားပြီး သူ့ကိုရိုက်နှက် ပညာပေးနိုင်ဖို့အတွက် မူရူဂန်နန်သန်ရဲ့အကူအညီကိုလိုကြောင်းပြောလာခဲ့ပါတယ် မူရူဂန်နန်သန်လည်းအထက်လူကြီးရဲ့အမိန့်ဆိုတော့ မငြင်းဆန်နိုင်ဘဲ သူ့သဘောအတိုင်းလိုက်လုပ်ပေးခဲ့ပါတယ် ပြီးတော့မှ သူရိုက်နှက်ခဲ့တဲ့ သူဟာနာမည်ကြီးလူမိုက်ခေါင်းဆောင်တစ်ယောက်ရဲ့သားဖြစ်နေတာကို သိခဲ့ရပြီး မူရူဂန်နန်သန်နဲ့ သူတို့မိသားစုရဲ့အသက်အန္တရာယ်ကို စိုးရိမ်လာရတော့တာပေါ့ မူရူဂန်နန်သန်တစ်ယောက် ဒီအကြပ်အတည်းကနေ ဘယ်လိုရုန်းထွက်သွားမလဲ သူ့မိသားစုကိုဘေးကင်းအောင်စောင့်ရှောက်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ကားလေးဖြစ်ပါတယ် ##zawgyi "Laththi" ဆိုတဲ့အိန္ဒိယဇာတ်ကားကောင်းလေးကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ မူရူဂန်နန်သန်ဟာ ရိုးသားတဲ့ရဲအရာရှိတစ်ယောက်ဖြစ်ပြီးတော့ ဇနီးဖြစ်သူနဲ့အတူ သားလေးတစ်ယောက်ကိုပျိုးထောင်ရင်း အေးအေးချမ်းချမ်းနေနေတဲ့သူဖြစ်ပါတယ် မူရူဂန်နန်သန်ဟာ အကြောင်းကိစ္စတစ်ခုကြောင့်အလုပ်ကရပ်နားခံရပြီး အိမ်မှာပဲအမြဲနေနေရတာပေါ့ ဒီလိုနဲ့တစ်ရက်မှာတော့ အရင်တုန်းက အထက်လူကြီးတစ်ယောက်ရဲ့အကူအညီနဲ့ အလုပ်ရပ်နားခံရတာကို ရုတ်သိမ်းလိုက်ပြီး အလုပ်ပြန်ဝင်ဖို့ဖြစ်လာခဲ့ပါတယ် အလုပ်ပြန်ဝင်ပြီးမကြာခင်မှာပဲ မူရူဂန်နန်သန့်ကိုကူညီပေးခဲ့တဲ့အထက်လူကြီးဟာ သူ့သမီးကို နှောင့်ယှက်ပြီးအရှက်ရအောင်လုပ်ခဲ့တဲ့ လူဆိုးတစ်ယောက်ကို ဖမ်းဆီးထားပြီး သူ့ကိုရိုက်နှက် ပညာပေးနိုင်ဖို့အတွက် မူရူဂန်နန်သန်ရဲ့အကူအညီကိုလိုကြောင်းပြောလာခဲ့ပါတယ် မူရူဂန်နန်သန်လည်းအထက်လူကြီးရဲ့အမိန့်ဆိုတော့ မငြင်းဆန်နိုင်ဘဲ သူ့သဘောအတိုင်းလိုက်လုပ်ပေးခဲ့ပါတယ် ပြီးတော့မှ သူရိုက်နှက်ခဲ့တဲ့ သူဟာနာမည်ကြီးလူမိုက်ခေါင်းဆောင်တစ်ယောက်ရဲ့သားဖြစ်နေတာကို သိခဲ့ရပြီး မူရူဂန်နန်သန်နဲ့ ...
N/A
IMDB: N/A/10 N/A votes
movie

Laththi (2022)

2022

Release year

Genres

Release year