Alpha Premium

Badri Venkatesh

Plan Panni Pannanum (2022) N/A
Plan Panni Pannanum (2022) (App member only) ##unicode ဒီတစ်ခါတင်ဆက်ပေးထားတဲ့ဇာတ်ကားကတော့ ဟာသဇာတ်မြူးကားလေးဖြစ်တဲ့ "Plan Panni Pannanum"လို့ခေါ်တဲ့အိန္ဒိယဇာတ်ကားလေးပါ။ ဇာတ်ကားထဲမှာတော့... ဆင်ဘီနဲ့ ရာဂျူးဟာ ကုမ္ပဏီတစ်ခုထဲက လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေဖြစ်ပါတယ်။ တစ်နေ့မှာတော့ ရာဂျူးရဲ့ညီမဖြစ်သူဟာ ပွဲစီစဉ်ဖို့အတွက် ရာဂျူးကိုကုမ္ပဏီကပေးထားတဲ့ပိုက်ဆံတွေကို ယူပြီး ခိုးရာလိုက်ပြေးသွားခဲ့တယ်။ဆင်ဘီနဲ့ ရာဂျူးဟာလည်း ညီမဖြစ်သူကိုလိုက်ရှာဖို့ကြိုးစားရင်းနဲ့ ခိုးရာလိုက်ပြေးဖို့ကူညီခဲ့တဲ့သူဟာ အမ်ဘာလ်ဆိုတဲ့ကောင်မလေးမှန်းသိလိုက်ရပါတယ်။ အဲ့ဒီနောက်မှာ ညီမဖြစ်သူဟာ အမ်ဘာလ်ရဲ့မွေးရပ်မြေမှာလက်ထက်ဖို့ကြိုးစားနေကြောင်းထပ်မံပြီးသိလိုက်ရပါတယ်။ အဲ့အတွက် ဆင်ဘီနဲ့ ရာဂျူးဟာ သူတို့ကိုမွေးရပ်မြေဆီ ပို့ဆောင်ပေးဖို့ အမ်ဘာလ်ကိုတိုက်တွန်းပါတော့တယ်။ ယူအက်စ်ကို မကြာခင်သွားရတော့မယ့်အမ်ဘာလ်ဟာလည်း အစပိုင်းမှာ ငြင်းဆန်ခဲ့ပေမဲ့ သူတို့ကိုပို့ဆောင်ပေးဖို့ဖြစ်လာတဲ့အခါမှာတော့... သူတို့တွေ အဆင်ပြေပြေရောက်ရှိသွားပြီး လက်ထက်ပွဲကိုတားဆီးနိုင်သွားမလား၊ပိုက်ဆံတွေကိုရော ရာဂျူးဟာ ပြန်လည်ရရှိသွားမလား၊ အမ်ဘာလ်ရဲ့ယူအက်စ်ကိုသွားမဲ့ရည်မှန်းချက်ကရောအကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာ ဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုလိုက်ကြပါ။ စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်ကောင်တွေရယ် သူတို့ရဲ့ဟာသဆန်ဆန်ပြဿနာတွေရယ်နဲ့ ဇာတ်လမ်းကိုမြူးကြွစေပြီး ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ကောင်းတဲ့ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ ##zawgyi ဒီတစ္ခါတင္ဆက္ေပးထားတဲ့ဇာတ္ကားကေတာ့ ဟာသဇာတ္ျမဴးကားေလးျဖစ္တဲ့ "Plan Panni Pannanum"လို႔ေခၚတဲ့အိႏၵိယဇာတ္ကားေလးပါ။ ဇာတ္ကားထဲမွာေတာ့... ဆင္ဘီနဲ႔ ရာဂ်ဴးဟာ ကုမၸဏီတစ္ခုထဲက လုပ္ေဖာ္ကိုင္ဖက္သူငယ္ခ်င္းေတြျဖစ္ပါတယ္။ တစ္ေန႔မွာေတာ့ ရာဂ်ဴးရဲ႕ညီမျဖစ္သူဟာ ပြဲစီစဥ္ဖို႔အတြက္ ရာဂ်ဴးကိုကုမၸဏီကေပးထားတဲ့ပိုက္ဆံေတြကို ယူၿပီး ခိုးရာလိုက္ေျပးသြားခဲ့တယ္။ဆင္ဘီနဲ႔ ရာဂ်ဴးဟာလည္း ညီမျဖစ္သူကိုလိုက္ရွာဖို႔ႀကိဳးစားရင္းနဲ႔ ခိုးရာလိုက္ေျပးဖို႔ကူညီခဲ့တဲ့သူဟာ အမ္ဘာလ္ဆိုတဲ့ေကာင္မေလးမွန္းသိလိုက္ရပါတယ္။ အဲ့ဒီေနာက္မွာ ညီမျဖစ္သူဟာ အမ္ဘာလ္ရဲ႕ေမြးရပ္ေျမမွာလက္ထက္ဖို႔ႀကိဳးစားေနေၾကာင္းထပ္မံၿပီးသိလိုက္ရပါတယ္။ အဲ့အတြက္ ဆင္ဘီနဲ႔ ရာဂ်ဴးဟာ သူတို႔ကိုေမြးရပ္ေျမဆီ ပို႔ေဆာင္ေပးဖို႔ အမ္ဘာလ္ကိုတိုက္တြန္းပါေတာ့တယ္။ ယူအက္စ္ကို မၾကာခင္သြားရေတာ့မယ့္အမ္ဘာလ္ဟာလည္း အစပိုင္းမွာ ျငင္းဆန္ခဲ့ေပမဲ့ သူတို႔ကိုပို႔ေဆာင္ေပးဖို႔ျဖစ္လာတဲ့အခါမွာေတာ့... သူတို႔ေတြ အဆင္ေျပေျပေရာက္ရွိသြားၿပီး လက္ထက္ပြဲကိုတားဆီးႏိုင္သြားမလား၊ပိုက္ဆံေတြကိုေရာ ရာဂ်ဴးဟာ ျပန္လည္ရရွိသြားမလား၊ အမ္ဘာလ္ရဲ႕ယူအက္စ္ကိုသြားမဲ့ရည္မွန္းခ်က္ကေရာအေကာင္အထည္ေဖာ္ႏိုင္ပါ့မလားဆိုတာ ဇာတ္လမ္းထဲမွာ ...
N/A
IMDB: N/A/10 27 votes
movie

Plan Panni Pannanum (2022)

2021

Release year

Genres

Release year