Alpha Premium

Haolin Song

Soul Snatcher (2020) 7.6
Soul Snatcher (2020) ##unicode ဒီတစ်ခါတော့ Go Go Squid ထဲက မင်းသား Li Xan ရဲ့ဇာတ်ကားသစ်လေး တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားထဲက မင်းသမီး Yang Zi ကပဲ မင်းသားရဲ့အဆောင်ပစ္စည်းထဲက ဝိဉာဉ်အဖြစ် အသံသရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းပုံစံလေးကတော့ မြေခွေးမျိုးနွယ်တွေဟာ မသေမျိုးအဖြစ် ထာဝရဖြစ်ချင်ရင် ပီယဆေးတစ်မျိုးကိုရအောင် ရှာရပါတယ်။ ကိုယ့်အတွက် ပီယဆေးက ကိုယ့်အတွက် သတ်မှတ်ပေးထားတဲ့ ခုံးလူသားဆိုတဲ့ လူသားတွေရဲ့ကိုယ်ထဲမှာ ရှိတာပါ။ ပီယဆေးကိုယူလိုက်ရင် အဲ့လူသားကသေရမှာပါ။ ဒါပေမဲ့ မြေခွေးတိုင်းဟာ အရွယ်ရောက်လာရင် ပီယဆေးရှာတဲ့ စမ်းသပ်မှုကို မဖြစ်မနေဖြတ်သန်းရပါတယ်။ အဲ့မှာ ၁၃ ဆိုတဲ့မြေခွေးလေးလည်း ပါပါတယ်။ သူက မြေခွေးတစ်ပိုင်းပဲဆိုတော့ ငယ်စဉ်ကတည်းက အနှိမ်ခံရတဲ့အတွက် တစ်နေ့မှာ ပီယဆေးရအောင်ယူပြီး မသေမျိုးဖြစ်နိုင်ဖို့က သူ့ဘဝရဲ့ရည်မှန်းချက်ပါ။ ဒီလိုနဲ့ သူလူလောကကိုရောက်လာပြီး ကျစ်ကျင်းဆိုတဲ့ အရာရှိစာမေးပွဲလာဖြေတဲ့ ကောင်လေးနဲ့ဆုံပြီး သူ့ခုံးလူသားမှန်းသိသွားပါတော့တယ်။ မြေခွေးလည်း ကောင်လေးနဲ့ မိတ်ဆွေဖွဲ့ပြီး စာမေးပွဲဖြေဖို့သွားတဲ့ ခရီးတစ်လျှောက် လိုက်လာပြီး ပီယဆေးကိုယူနိုင်ဖို့ အခွင့်ကောင်းကိုချောင်းနေခဲ့ပါတယ်။ ဒါပေမဲ့ ၂ ယောက်ဟာ လမ်းခရီးမှာ အချင်းချင်းကူညီပေးကြရင်း သူငယ်ချင်းကောင်းတွေဖြစ်သွားတဲ့အခါမှာတော့ မြေခွေးကရော သူ့ရဲ့မူလရည်ရွယ်ချက်ကို ...
7.6
IMDB: 7.6/10 4536 votes
movie

Soul Snatcher (2020)

2020
1080p

Release year

Genres

Release year