Alpha Premium

Matt Glass

Ghosts of the Ozarks (2022) 4.7
Ghosts of the Ozarks (2022) ##unicode ဒီတစ်ခါ တင်ဆက်ပေးထားတဲ့ဇာတ်ကားကတော့ လျှို့ဝှက်သည်းဖိုကြည့်ရှုရမဲ့ "Ghosts of the Ozarks"လို့ခေါ်တဲ့ အင်္ဂလိပ်ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့..... ဂျိမ်းစ်လို့ခေါ်တဲ့ဆရာဝန်တစ်ယောက်ဟာ ဦးလေးဖြစ်သူရဲ့ခေါ်ဆိုမှုကြောင့် မြို့လေးတစ်မြို့ကိုရောက်လာရပါတယ်။ ဦးလေးဟာ သူ့ကို မြို့မှာဆရာဝန်တစ်ယောက်အနေနှင့် အားကိုးချင်သည့်အတွက် ခေါ်လိုက်ခြင်းဖြစ်တယ်။ ဒါပေမဲ့လည်း မြို့လေးဟာ သာမန်မြို့တစ်မြို့မဟုတ်ဘဲ ထိတ်လန့်ဖွယ်ရာတွေ၊ လျှို့ဝှက်ဆန်းကြယ်တည်ရှိမှုတွေနဲ ့ ဖြစ်တည်နေတာကို သူဟာ သိရှိလိုက်ရပါတယ်။ အဲ့ဒီနောက် ဂျိမ်းစ်ဟာ မျှော်လင့်မထားတဲ့လျှို့ဝှက်ချက်တွေကိုပါသိရှိလိုက်ရတဲ့အခါမှာတော့ ကြုံတွေ့လာရတဲ့အန္တရာယ်တွေကို သူ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်သွားမလဲ၊ မြို့မှာကျရောက်လာတဲ့အန္တရာယ်တွေကိုရော တားဆီးနိုင်ပါ့မလားဆိုတာ ဇာတ်လမ်းထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာပါ။ လျှို့ဝှက်ဆန်းကြယ်၊ သည်းထိတ်ရင်ဖိုဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်လည်း အကြိုက်တွေ့စေမဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက် လက်မလွှတ်တမ်းကြည့်ရှုလိုက်ကြပါ။ ##zawgyi ဒီတစ္ခါ တင္ဆက္ေပးထားတဲ့ဇာတ္ကားကေတာ့ လွ်ိဳ႕ဝွက္သည္းဖိုၾကည့္ရႈရမဲ့ "Ghosts of the Ozarks"လို႔ေခၚတဲ့ အဂၤလိပ္ဇာတ္ကားေလးတစ္ကားပဲျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့..... ဂ်ိမ္းစ္လို႔ေခၚတဲ့ဆရာဝန္တစ္ေယာက္ဟာ ဦးေလးျဖစ္သူရဲ႕ေခၚဆိုမႈေၾကာင့္ ၿမိဳ႕ေလးတစ္ၿမိဳ႕ကိုေရာက္လာရပါတယ္။ ဦးေလးဟာ သူ႔ကို ၿမိဳ႕မွာဆရာဝန္တစ္ေယာက္အ​​ေနႏွင့္ အားကိုးခ်င္သည့္အတြက္ ေခၚလိုက္ျခင္းျဖစ္တယ္။ ဒါေပမဲ့လည္း ၿမိဳ႕ေလးဟာ သာမန္ၿမိဳ႕တစ္​ၿမိဳ႕မဟုတ္ဘဲ ထိတ္လန္႔ဖြယ္ရာေတြ၊ လွ်ိဳ႕ဝွက္ဆန္းၾကယ္တည္ရွိမႈေတြနဲ ႔ ျဖစ္တည္ေနတာကို သူဟာ သိရွိလိုက္ရပါတယ္။ အဲ့ဒီေနာက္ ဂ်ိမ္းစ္ဟာ ေမွ်ာ္လင့္မထားတဲ့လွ်ိဳ႕ဝွက္ခ်က္ေတြကိုပါသိရွိလိုက္ရတဲ့အခါမွာေတာ့ ႀကဳံေတြ႕လာရတဲ့အႏၲရာယ္​ေတြကို သူ ဘယ္လိုရင္ဆိုင္ေက်ာ္ျဖတ္သြားမလဲ၊ ၿမိဳ႕မွာက်ေရာက္လာတဲ့အႏၲရာယ္ေတြကိုေရာ တားဆီးႏိုင္ပါ့မလားဆိုတာ ဇာတ္လမ္းထဲမွာ ရင္ခုန္စိတ္လႈပ္ရွားစြာနဲ႔ ၾကည့္ရႈရမွာပါ။ လွ်ိဳ႕ဝွက္ဆန္းၾကယ္၊ သည္းထိတ္ရင္ဖိုဇာတ္ကားေတြကို ႀကိဳက္ႏွစ္သက္တဲ့သူေတြအတြက္လည္း အႀကိဳက္ေတြ႕ေစမဲ့ဇာတ္ကားတစ္ကားျဖစ္တဲ့အတြက္ ...
4.7
IMDB: 4.7/10 94 votes
movie

Ghosts of the Ozarks (2022)

2021

Release year

Genres

Release year