Alpha Premium

S.S. Raju

Ishq: Not a Love Story (2021) 5.3
Ishq: Not a Love Story (2021) (App member only) ##umicode Ishq: Not a love storyဆိုတဲ့ ဇာတ်ကားနာမည်အတိုင်းပဲ အချစ်ဇာတ်လမ်းကနေသည်းထိတ်ရင်ဖိုthrillerအဖြစ်ပြောင်းသွားတာကို မြင်တွေ့ရမှာဖြစ်လို့ အတော်စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်ကားပဲဖြစ်ပါတယ် ဆစ်ဒူးဆိုတဲ့ကောင်လေးဟာ ညီမဖြစ်သူရဲ့စေ့စပ်ပွဲကိုလည်းစီစဉ်ပေးနေတယ် ချစ်သူ အာနူးရဲ့မွေးနေ့ပွဲကိုလည်း အထူးတလည်ဖြစ်အောင်လုပ်ပေးချင်နေခဲ့ပါတယ် ညီမဖြစ်သူရဲ့စေ့စပ်ပွဲမတိုင်ခင်ရက်က သူ့ချစ်သူရဲ့မွေးနေ့ဖြစ်ပြီး ချစ်သူနဲ့အတူ ကမ်းခြေမှာတစ်ညလုံးကားပတ်မောင်းမယ်လို့စီစဉ်ထားခဲ့တာပါ သူ့ချစ်သူရဲ့မွေးနေ့ရောက်လာတော့ ကားပတ်မောင်းနေရင်း ချစ်သူဆီက အနမ်းရဖို့ ချောင်ကျတဲ့ကားပါကင်တစ်နေရာမှာရပ်ခဲ့ပါတယ် အာနူးက ဆစ်ဒူးကိုနမ်းဖို့ကြံနေတုန်းမှာပဲ လူတစ်ယောက်က သူတို့ကိုမီးထိုးပြီးဗီဒီယိုရိုက်ခဲ့တာပါ အဲဒီလူနဲ့အတူ လူတစ်ယောက်ထပ်ပါလာပြီး သူတို့နှစ်ယောက်က ရဲတွေလို့ပြောခဲ့ပါတယ် ဆစ်ဒူးတို့ကို မတော်မရော်လုပ်နေတာဆိုပြီး ပြဿနာရှာခဲ့ပါတယ် ဒီလိုနဲ့ဆစ်ဒူးနဲ့အာနူးကိုဘယ်လိုမှမလွှတ်ပေးဘဲ သူတို့လုပ်ရပ်တွေစကားတွေကစော်ကားလာပါတယ် ဆစ်ဒူးကိုငွေတောင်းတယ် အာနူးကိုထိကပါးရိကပါးလုပ်တယ် မကောင်းတဲ့မိန်းမလို့စွပ်စွဲတယ် သူတို့လုပ်ရပ်တွေလွန်သွားတဲ့အခါ ဆစ်ဒူးသည်းမခံနိုင်တော့တဲ့အခါ ဘယ်လိုပြဿနာတွေဆက်ဖြစ်မှာလဲ ချစ်သူအာနူးကိုထိကပါးရိကပါးစော်ကားတဲ့အတွက် ဆစ်ဒူး ဘယ်လိုလက်တုံ့ပြန်မလဲဆိုတာ ဒီဇာတ်ကားမှာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာဖြစ်လို့တင်ဆက်ပေးလိုက်ပါတယ် ##zawgyi Ishq: Not a love storyဆိုတဲ့ ဇာတ္ကားနာမည္အတိုင္းပဲ အခ်စ္ဇာတ္လမ္းကေနသည္းထိတ္ရင္ဖိုthrillerအျဖစ္ေျပာင္းသြားတာကို ျမင္ေတြ႕ရမွာျဖစ္လို႔ အေတာ္စိတ္ဝင္စားဖို႔ေကာင္းတဲ့ဇာတ္ကားပဲျဖစ္ပါတယ္ ဆစ္ဒူးဆိုတဲ့ေကာင္ေလးဟာ ညီမျဖစ္သူရဲ႕ေစ့စပ္ပြဲကိုလည္းစီစဥ္ေပးေနတယ္ ခ်စ္သူ အာႏူးရဲ႕ေမြးေန႔ပြဲကိုလည္း အထူးတလည္ျဖစ္ေအာင္လုပ္ေပးခ်င္ေနခဲ့ပါတယ္ ညီမျဖစ္သူရဲ႕ေစ့စပ္ပြဲမတိုင္ခင္ရက္က သူ႔ခ်စ္သူရဲ႕ေမြးေန႔ျဖစ္ၿပီး ခ်စ္သူနဲ႔အတူ ကမ္းေျခမွာတစ္ညလုံးကားပတ္ေမာင္းမယ္လို႔စီစဥ္ထားခဲ့တာပါ သူ႔ခ်စ္သူရဲ႕ေမြးေန႔ေရာက္လာေတာ့ ကားပတ္ေမာင္းေနရင္း ခ်စ္သူဆီက အနမ္းရဖို႔ ေခ်ာင္က်တဲ့ကားပါကင္တစ္ေနရာမွာရပ္ခဲ့ပါတယ္ အာႏူးက ဆစ္ဒူးကိုနမ္းဖို႔ႀကံေနတုန္းမွာပဲ လူတစ္ေယာက္က သူတို႔ကိုမီးထိုးၿပီးဗီဒီယို႐ိုက္ခဲ့တာပါ အဲဒီလူနဲ႔အတူ လူတစ္ေယာက္ထပ္ပါလာၿပီး သူတို႔ႏွစ္ေယာက္က ...
5.3
IMDB: 5.3/10 188 votes
movie

Ishq: Not a Love Story (2021)

2021
App premium only

Release year

Genres

Release year