Alpha Premium

Sameer Shaikh

The Kashmir Files (2022) 8.3
The Kashmir Files (2022) ##unicode The Kashmir Filesဇာတ်ကားကတော့ 1990မှာဖြစ်ပျက်ခဲ့တဲ့ Kashmir Panditsတွေရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ပြထားတဲ့ နိုင်ငံရေးကားလေးဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာတော့ Kashmir Panditsတွေ Kashmirကနေ ဘယ်လိုနှင်ထုတ်ခံခဲ့ရသလဲ။သူတို့တွေဘယ်လိုနှိပ်စက်ညှင်းပန်းမှုတွေကို ခံခဲ့ရလဲဆိုတာကို ရိုက်ပြထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကောလိပ်ကျောင်းသား Krishna Panditsဟာ တန်းတူညီမှုအခွင့်အရေးကို ယုံကြည်တဲ့လူတစ်ယောက်ဖြစ်တာကြောင့် Kashmir လွတ်မြောက်ရေးအတွက်လဲပါဝင်လှုပ်ရှားနေသူဖြစ်ပါတယ်။ ပရော်ဖက်ဆာMenonရဲ့ လမ်းညွှန်ပေးမှုနဲ့ ကျောင်းသားကောင်စီဥက္ကဌရာထူးကိုဝင်ပြိုင်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့Krishnaရဲ့အဖိုးဖြစ်သူက သူမသေဆုံးခင်မှာ Kashmirက သူ့သူငယ်ချင်းတွေနဲ့တွေ့ပြီး သူ့ပြာတွေကိုKashmirမှာ ကြဲပေးဖို့ တောင်းဆိုခဲ့တဲ့အတွက် Krishnaတစ်ယောက် Kashmirကို ခရီးထွက်ခဲ့တယ်။ အဖိုးဖြစ်သူရဲ့သူငယ်ချင်းတွေနဲ့ တွေ့ဆုံအပြီးမှာတော့ Krishnaတစ်ယောက် မတော်မဆမှုကြောင့် သေဆုံးသွားတယ်လို့ ထင်ထားတဲ့ မိဘနဲ့အကိုရဲ့ သေဆုံးရတဲ့အကြောင်းအရင်းမှန်ကို သိရှိသွားခဲ့တယ်။ Krishnaတစ်ယောက် သူတစ်သက်လုံးအလိမ်အညာ‌တွေလို့ ယုံကြည်ထားတဲ့အရာတွေက အစစ်အမှန်တွေ ဖြစ်နေမှန်းသိလိုက်ရတဲ့အခါ သူဘာဆက်လုပ်မလဲ။1990တုန်းက Kashmir Panditsတွေရဲ့ ဘဝရော ဘယ်လိုခက်ခဲပင်ပန်းခဲ့ရသလဲဆိုတာကို ကြည့်ရှုကြပါအုံး။ ##zawgyi The Kashmir Filesဇာတ္ကားကေတာ့ 1990မွာျဖစ္ပ်က္ခဲ့တဲ့ Kashmir Panditsေတြရဲ႕ ျဖစ္ရပ္မွန္ဇာတ္လမ္းကို ႐ိုက္ျပထားတဲ့ ႏိုင္ငံေရးကားေလးျဖစ္ပါတယ္။ဒီဇာတ္လမ္းမွာေတာ့ Kashmir Panditsေတြ Kashmirကေန ဘယ္လိုႏွင္ထုတ္ခံခဲ့ရသလဲ။သူတို႔ေတြဘယ္လိုႏွိပ္စက္ညႇင္းပန္းမႈေတြကို ခံခဲ့ရလဲဆိုတာကို ႐ိုက္ျပထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ေကာလိပ္ေက်ာင္းသား Krishna Panditsဟာ ...
8.3
IMDB: 8.3/10 544,363 votes
movie

The Kashmir Files (2022)

2022

Release year

Genres

Release year