(App member only)
##unicode
ဒီဇာတ်ကားကတော့ ဘောလိဝုဒ်အက်ရှင်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပြီး
နာမည်ကျော်မင်းသားကြီး Sunny Deolနဲ့ Harman Bawejaတို့ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားကောင်းပါ
မွန်ဘိုင်းဒုစရိုက်ဂိုဏ်းလောကရဲ့ရူပ်ထွေးပုံတွေ၊ အာဏာလုကြတဲ့ဇာတ်လမ်းဇာတ်ကွက်တွေအပြင် ဂန်းစတားတစ်ယောက်မှာလည်း
အသည်းနှလုံးရှိပြီးချစ်တတ်တဲ့အချစ်ဇာတ်လမ်းအဆွေးလေးကိုပါမြင်တွေ့ရမှာပါ ငယ်ငယ်လေးကတည်းက အိပ်မက်က
ဂန်းစတားတစ်ယောက်ဖြစ်ချင်ခဲ့တဲ့ ဗစ်ကီဆိုတဲ့ကောင်လေးဟာ ကြီးလာတော့လည်း လူမိုက်ဘိုးတော် တိုနီနဲ့ အမြဲအချိန်ကုန်ခဲ့ပါတယ်
သူ့သားကိုအလုပ်ကောင်းကောင်းလုပ်စေချင်တဲ့ သူ့အဖေက သူ့ကိုအိမ်ကနှင်ချလိုက်တော့ ဗစ်ကီက တိုနီ့အိမ်မှာပဲနေတော့ပြီး
တိုနီကို အဖေလို့သတ်မှတ်ထားခဲ့ပါတယ် ဒီလိုနဲ့ မွန်ဘိုင်းလူမိုက်ဂိုဏ်းလောကကိုဝင်ရောက်လာတဲ့ ဗစ်ကီ့ကိုလည်း
တိုနီက တစ်နေ့မှာ အာဏာအရှိဆုံးလူဖြစ်စေချင်ခဲ့ပါတယ် သူတို့ရဲ့ဒုစရိုက်ဂိုဏ်းလောကရဲ့အာဏာလုမှု၊ပြိုင်ဆိုင်မှုတွေကြောင့်
သူ့ရဲ့မွေးစားအဖေလိုဖြစ်နေတဲ့တိုနီအသတ်ခံလိုက်ရတဲ့အခါမှာတော့ ဗစ်ကီ ဘဝအပြောင်းအလဲကြီးပြောင်းလဲသွားခဲ့ပါတယ်
ဘယ်လိုစိတ်လှုပ်ရှားစရာဇာတ်ဝင်ခန်းတွေနဲ့ ဗစ်ကီရဲ့ဂန်းစတားဘဝကိုမြင်တွေ့ရမလဲဆိုတာတော့ ဒီဇာတ်ကားမှာစောင့်ကြည့်ပေးပါဦး
ဒါ့အပြင် ဗစ်ကီရဲ့အလုပ်အကိုင်ကြောင့် သူ့ရဲ့အချစ်ရေးမှာဘယ်လိုအနှောင့်အယှက်တွေ
သနားစရာတွေဖြစ်လာမလဲမြင်တွေ့ရမှာပဲဖြစ်လို့ကြည့်ရူအားပေးကြပါဦးနော်
##zawgyi
ဒီဇာတ္ကားကေတာ့ ေဘာလိဝုဒ္အက္ရွင္ဇာတ္ကားေကာင္းတစ္ကားပဲျဖစ္ၿပီး
နာမည္ေက်ာ္မင္းသားႀကီး Sunny Deolနဲ႔ Harman Bawejaတို႔ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ဇာတ္ကားေကာင္းပါ
မြန္ဘိုင္းဒုစ႐ိုက္ဂိုဏ္းေလာကရဲ႕႐ူပ္ေထြးပုံေတြ၊ အာဏာလုၾကတဲ့ဇာတ္လမ္းဇာတ္ကြက္ေတြအျပင္ ဂန္းစတားတစ္ေယာက္မွာလည္း
အသည္းႏွလုံးရွိၿပီးခ်စ္တတ္တဲ့အခ်စ္ဇာတ္လမ္းအေဆြးေလးကိုပါျမင္ေတြ႕ရမွာပါ ငယ္ငယ္ေလးကတည္းက အိပ္မက္က
ဂန္းစတားတစ္ေယာက္ျဖစ္ခ်င္ခဲ့တဲ့ ဗစ္ကီဆိုတဲ့ေကာင္ေလးဟာ ႀကီးလာေတာ့လည္း လူမိုက္ဘိုးေတာ္ တိုနီနဲ႔ အၿမဲအခ်ိန္ကုန္ခဲ့ပါတယ္
သူ႔သားကိုအလုပ္ေကာင္းေကာင္းလုပ္ေစခ်င္တဲ့ သူ႔အေဖက သူ႔ကိုအိမ္ကႏွင္ခ်လိုက္ေတာ့ ဗစ္ကီက တိုနီ႔အိမ္မွာပဲေနေတာ့ၿပီး
တိုနီကို အေဖလို႔သတ္မွတ္ထားခဲ့ပါတယ္ ဒီလိုနဲ႔ မြန္ဘိုင္းလူမိုက္ဂိုဏ္းေလာကကိုဝင္ေရာက္လာတဲ့ ဗစ္ကီ့ကိုလည္း
တိုနီက တစ္ေန႔မွာ အာဏာအရွိဆုံးလူျဖစ္ေစခ်င္ခဲ့ပါတယ္ သူတို႔ရဲ႕ဒုစ႐ိုက္ဂိုဏ္းေလာကရဲ႕အာဏာလုမႈ၊ၿပိဳင္ဆိုင္မႈေတြေၾကာင့္
သူ႔ရဲ႕ေမြးစားအေဖလိုျဖစ္ေနတဲ့တိုနီအသတ္ခံလိုက္ရတဲ့အခါမွာေတာ့ ဗစ္ကီ ဘဝအေျပာင္းအလဲႀကီးေျပာင္းလဲသြားခဲ့ပါတယ္
ဘယ္လိုစိတ္လႈပ္ရွားစရာဇာတ္ဝင္ခန္းေတြနဲ႔ ဗစ္ကီရဲ႕ဂန္းစတားဘဝကိုျမင္ေတြ႕ရမလဲဆိုတာေတာ့ ဒီဇာတ္ကားမွာေစာင့္ၾကည့္ေပးပါဦး
ဒါ့အျပင္ ဗစ္ကီရဲ႕အလုပ္အကိုင္ေၾကာင့္ သူ႔ရဲ႕အခ်စ္ေရးမွာဘယ္လိုအေႏွာင့္အယွက္ေတြ
သနားစရာေတြျဖစ္လာမလဲျမင္ေတြ႕ရမွာပဲျဖစ္လို႔ၾကည့္႐ူအားေပးၾကပါဦးေနာ္
Review – Hmue
File Size – 400MB,1GB,2GB
Format…mp4
Quality :480p WED-DL,720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Hmue
Encoded by Arrow
====================================================================
App ေဒါင္းရန္
မန်ဘာဝင်လိုသူများ
viber – 0969117714
Upload on Youtube
Leave a Reply