Alpha Premium
Premium Drive
Report error

Drive

Drive    

Not Rated 147 min ActionbollywoodThriller

2.4
IMDB: 2.4/10 3,018 votes

, , ,

N/A

India

1593

Report error

ဇာတ်လမ်းအကျဉ်းလေးကတော့ အိန္ဒိယရုပ်ရှင်ကားတွေရဲ့ထုံးစံအတိုင်း နိုင်ငံရေးလေးတော့ နည်းနည်းပါမယ်ဗျ။

အိန္ဒိယနိုင်ငံရဲ့စီးပွားရေးလုပ်ငန်းအများစုက တရားမဝင်ငွေမည်းတွေနဲ့ လည်ပတ်နေကြတယ်။

ဒီလိုလုပ်ငန်းရှင်တွေရဲ့ တရားမဝင်ငွေကြေးတွေကို ရှာဖွေစီစစ်ဖို့လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့တွေ အစိုးရကဖွဲ့စည်းထားတယ်။

ဆိုးတာက အဲဒီအဖွဲ့အစည်းတွေရဲ့ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်တဲ့ Vibha Singhဆိုတဲ့ အဖွားကြီးကိုယ်တိုင်က

ဒီလုပ်ငန်းရှင်တွေရဲ့ငွေမည်းတွေကို သူ့အတွက်ခွဲတမ်းယူပြီး ငွေမည်းခဝါချပေးနေတယ်။

တ တစ်ဖက်မှာလည်း Kingလို့နာမည်ရတဲ့ စောရဝိဇ္ဇာတစ်ယောက်က အဲဒီလုပ်ငန်းရှင်ကြီးတွေရဲ့

တရားမဝင်ပိုင်ဆိုင်မှုတွေကို ခိုးလိုက်၊ ဓားပြတိုက်လိုက်နဲ့ အမှည့်ခြွေနေပြန်ပါတယ်။

Kingရဲ့ ကစားကွက်တစ်ခုက သူအမှုကျူးလွန်ခဲ့တဲ့ နေရာမှာဘုရင်ပုံဖဲချပ်လေးတစ်ချက်ထားခဲ့ပြီး

သူနောက်ထပ်အမှုကျူးလွန်မယ့်နေရာကို အတိအလင်းချပြပြီး စိန်ခေါ်သွားတတ်တာပါ။

အဲဒီလိုနဲ့ Kingကျူးလွန်သွားတဲ့ ဓားပြမှုတစ်ခုမှာ သဲလွန်စအနေနဲ့ ပြိုင်ကားဘီးရာတစ်ခုကို ထောက်လှမ်းရေးအဖွဲ့က ရသွားတယ်။

ဒီကားတာယာအရ စုံစမ်းကြတဲ့အခါ Street Racingအဖွဲ့တစ်ခုက Taraလို့ခေါ်တဲ့

စီးပွားရေးလုပ်ငန်းရှင်မိန်းကလေးတစ်ယောက်ရဲ့ ကားဖြစ်နေတယ်။

နောက်ဆုံးကျူးလွန်ခဲ့တဲ့အမှုမှာ Kingကလည်း သူနောက်တစ်ခါဓားပြတိုက်မယ့်နေရာက နိုင်ငံတော်သမ္မတရုံးပါလို့ အတိအလင်းစိန်ခေါ်သွားလေတော့…..

Kingက ဘယ်သူလဲ၊ ပြိုင်ကားအဖွဲ့က မိန်းကလေးကရော Kingနဲ့ဘယ်လိုပတ်သတ်နေလဲ၊

အဂတိလိုက်စားမှုကျူးလွန်နေကြတဲ့ အစိုးရအဖွဲ့ဝင်လူကြီးမင်းတွေကရော

ဒီအမှုနဲ့ ဘယ်လိုပတ်သတ်နေသလဲဆိုတာတွေကို Street Racingလောကရဲ့ ယှဉ်ပြိုင်မှုတွေနဲ့အတူ ခံစားကြည့်လိုက်ပါဦးဗျာ

 

(Zawgyi)

ဇာတ္လမ္းအက်ဥ္းေလးကေတာ့ အိႏၵိယ႐ုပ္ရွင္ကားေတြရဲ႕ထုံးစံအတိုင္း ႏိုင္ငံေရးေလးေတာ့ နည္းနည္းပါမယ္ဗ်။

အိႏၵိယႏိုင္ငံရဲ႕စီးပြားေရးလုပ္ငန္းအမ်ားစုက တရားမဝင္ေငြမည္းေတြနဲ႔ လည္ပတ္ေနၾကတယ္။

ဒီလိုလုပ္ငန္းရွင္ေတြရဲ႕ တရားမဝင္ေငြေၾကးေတြကို ရွာေဖြစီစစ္ဖို႔လည္း အဂတိလိုက္စားမႈတိုက္ဖ်က္ေရးအဖြဲ႕ေတြ အစိုးရကဖြဲ႕စည္းထားတယ္။

ဆိုးတာက အဲဒီအဖြဲ႕အစည္းေတြရဲ႕ဦးေဆာင္ၫႊန္ၾကားေရးမႉးျဖစ္တဲ့ Vibha Singhဆိုတဲ့ အဖြားႀကီးကိုယ္တိုင္က

ဒီလုပ္ငန္းရွင္ေတြရဲ႕ေငြမည္းေတြကို သူ႔အတြက္ခြဲတမ္းယူၿပီး ေငြမည္းခဝါခ်ေပးေနတယ္။

တ တစ္ဖက္မွာလည္း Kingလို႔နာမည္ရတဲ့ ေစာရဝိဇၨာတစ္ေယာက္က အဲဒီလုပ္ငန္းရွင္ႀကီးေတြရဲ႕

တရားမဝင္ပိုင္ဆိုင္မႈေတြကို ခိုးလိုက္၊ ဓားျပတိုက္လိုက္နဲ႔ အမွည့္ေႁခြေနျပန္ပါတယ္။

Kingရဲ႕ ကစားကြက္တစ္ခုက သူအမႈက်ဴးလြန္ခဲ့တဲ့ ေနရာမွာဘုရင္ပုံဖဲခ်ပ္ေလးတစ္ခ်က္ထားခဲ့ၿပီး

သူေနာက္ထပ္အမႈက်ဴးလြန္မယ့္ေနရာကို အတိအလင္းခ်ျပၿပီး စိန္ေခၚသြားတတ္တာပါ။

အဲဒီလိုနဲ႔ Kingက်ဴးလြန္သြားတဲ့ ဓားျပမႈတစ္ခုမွာ သဲလြန္စအေနနဲ႔ ၿပိဳင္ကားဘီးရာတစ္ခုကို ေထာက္လွမ္းေရးအဖြဲ႕က ရသြားတယ္။

ဒီကားတာယာအရ စုံစမ္းၾကတဲ့အခါ Street Racingအဖြဲ႕တစ္ခုက Taraလို႔ေခၚတဲ့

စီးပြားေရးလုပ္ငန္းရွင္မိန္းကေလးတစ္ေယာက္ရဲ႕ ကားျဖစ္ေနတယ္။

ေနာက္ဆုံးက်ဴးလြန္ခဲ့တဲ့အမႈမွာ Kingကလည္း သူေနာက္တစ္ခါဓားျပတိုက္မယ့္ေနရာက ႏိုင္ငံေတာ္သမၼတ႐ုံးပါလို႔ အတိအလင္းစိန္ေခၚသြားေလေတာ့…..

Kingက ဘယ္သူလဲ၊ ၿပိဳင္ကားအဖြဲ႕က မိန္းကေလးကေရာ Kingနဲ႔ဘယ္လိုပတ္သတ္ေနလဲ၊

အဂတိလိုက္စားမႈက်ဴးလြန္ေနၾကတဲ့ အစိုးရအဖြဲ႕ဝင္လူႀကီးမင္းေတြကေရာ

ဒီအမႈနဲ႔ ဘယ္လိုပတ္သတ္ေနသလဲဆိုတာေတြကို Street Racingေလာကရဲ႕ ယွဥ္ၿပိဳင္မႈေတြနဲ႔အတူ ခံစားၾကည့္လိုက္ပါဦးဗ်ာ

 

Drive
Drive
Drive
Drive
  • Download Links Server Audio / Language Quality
No downloads available

Leave a Reply

Your email address will not be published. Required fields are marked *

Related movies