##unicode
ဒီတစ်ခါတင်ဆက်ပေးမှာကတော့ တရုတ်နိုင်ငံသုံးပြည်ထောင်ခေတ်ရဲ့ အစကနဦးပိုင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ ဟောင်ကောင်ကားဖြစ်ပါတယ်။
ဇာတ်အိမ်တည်ထားတာကတော့ စစ်မက်တွေ၊ ပုန်ကန်သူသူပုန်ရန်တွေနဲ့ ဟန်မင်းဆက် အင်အားလျော့နည်းလာနေချိန်ဖြစ်ပါတယ်။
စစ်သူကြီးတုန်းကျိုးဟာ သူပုန်တွေကိုတိုက်ထုတ်ရင်း အသက်အန္တရယ်ကြုံတွေ့ရချိန်မှာ လျို့ပေ၊ ကွမ်းယွီနဲ့ ကျန်းဖေးတို့
သွေးသောက်ညီအစ်ကို ၃ ယောက်က ဝင်ကယ်လိုက်ပါတယ်။ ဒါပေမဲ့ တုန်းကျိုးကတော့ ရာထူးမျိုးရိုးကြီးမဟုတ်တဲ့သူတို့ကို
အဖတ်မလုပ်ခဲ့ပါဘူး။ နောက်တော့ တုန်းကျိုးဟာ ခပ်ယဲ့ယဲကျန်တော့တဲ့ ဟန်တိုင်းပြည်ကိုမှမထောက် အသက်ငယ်ရွယ်တဲ့မင်းကြီးကို
ထီးနန်းဖြုတ်ချပြီး သူ့စိတ်ကြိုက် မင်းသားတစ်ပါးကိုနန်းတင်ကာ ထီးနန်းကိုခြယ်လှယ်လာခဲ့ပါတယ်။
ဒီအကြောင်းကိုသိသွားကြတဲ့ တပ်မှူးချုပ်စစ်ဘုရင်များဟာ သူရဲကောင်းတောင်ထိပ်မှာ မဟာမိတ်ဖွဲ့ပြီး တုန်းကျိုးကိုဖြုတ်ချဖို့
ကြံစည်ကြပါတော့တယ်။ လျို့ပေတို့သွေးသောက်ညီနောင်သုံးဖော်ကလည်း ဟန်တိုင်းပြည်အပေါ် သစ္စာရှိသူများပီပီ
မဟာမိတ်အဖွဲ့ထဲဝင်ဖို့သွားပါတော့တယ်။
တစ်ဘက်မှာလည်း ထန်နန်းတွင်းက အစောင့်တစ်ယောက်ဖြစ်တဲ့ ချောင်ချောင်ကလည်း တုန်းကျိုးကိုလုပ်ကြံဖို့အခွင့်အရေးကို
ချောင်းနေခဲ့ပါတယ်။ ဒီလိုနဲ့သုံးပြည်ထောင်ခေတ်မှာ မပါရင်မပြီးတဲ့ ချောင်ချောင်နဲ့ လျှို့ပေတို့ ဘယ်လိုများတွေ့ဆုံပြီး
တုန်းကျိုးကိုဘယ်လိုဖြုတ်ချကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမယ့်ဇာတ်လမ်းကောင်းလေးပါ။
##zawgyi
ဒီတစ္ခါတင္ဆက္ေပးမွာကေတာ့ တ႐ုတ္ႏိုင္ငံသုံးျပည္ေထာင္ေခတ္ရဲ႕ အစကနဦးပိုင္းကို ႐ိုက္ကူးတင္ဆက္ထားတဲ့ ေဟာင္ေကာင္ကားျဖစ္ပါတယ္။
ဇာတ္အိမ္တည္ထားတာကေတာ့ စစ္မက္ေတြ၊ ပုန္ကန္သူသူပုန္ရန္ေတြနဲ႔ ဟန္မင္းဆက္ အင္အားေလ်ာ့နည္းလာေနခ်ိန္ျဖစ္ပါတယ္။
စစ္သူႀကီးတုန္းက်ိဳးဟာ သူပုန္ေတြကိုတိုက္ထုတ္ရင္း အသက္အႏၲရယ္ႀကဳံေတြ႕ရခ်ိန္မွာ လ်ိဳ႕ေပ၊ ကြမ္းယြီနဲ႔ က်န္းေဖးတို႔
ေသြးေသာက္ညီအစ္ကို ၃ ေယာက္က ဝင္ကယ္လိုက္ပါတယ္။ ဒါေပမဲ့ တုန္းက်ိဳးကေတာ့ ရာထူးမ်ိဳး႐ိုးႀကီးမဟုတ္တဲ့သူတို႔ကို
အဖတ္မလုပ္ခဲ့ပါဘူး။ ေနာက္ေတာ့ တုန္းက်ိဳးဟာ ခပ္ယဲ့ယဲက်န္ေတာ့တဲ့ ဟန္တိုင္းျပည္ကိုမွမေထာက္ အသက္ငယ္႐ြယ္တဲ့မင္းႀကီးကို
ထီးနန္းျဖဳတ္ခ်ၿပီး သူ႔စိတ္ႀကိဳက္ မင္းသားတစ္ပါးကိုနန္းတင္ကာ ထီးနန္းကိုျခယ္လွယ္လာခဲ့ပါတယ္။
ဒီအေၾကာင္းကိုသိသြားၾကတဲ့ တပ္မႉးခ်ဳပ္စစ္ဘုရင္မ်ားဟာ သူရဲေကာင္းေတာင္ထိပ္မွာ မဟာမိတ္ဖြဲ႕ၿပီး တုန္းက်ိဳးကိုျဖဳတ္ခ်ဖို႔
ႀကံစည္ၾကပါေတာ့တယ္။ လ်ိဳ႕ေပတို႔ေသြးေသာက္ညီေနာင္သုံးေဖာ္ကလည္း ဟန္တိုင္းျပည္အေပၚ သစၥာရွိသူမ်ားပီပီ
မဟာမိတ္အဖြဲ႕ထဲဝင္ဖို႔သြားပါေတာ့တယ္။
တစ္ဘက္မွာလည္း ထန္နန္းတြင္းက အေစာင့္တစ္ေယာက္ျဖစ္တဲ့ ေခ်ာင္ေခ်ာင္ကလည္း တုန္းက်ိဳးကိုလုပ္ႀကံဖို႔အခြင့္အေရးကို
ေခ်ာင္းေနခဲ့ပါတယ္။ ဒီလိုနဲ႔သုံးျပည္ေထာင္ေခတ္မွာ မပါရင္မၿပီးတဲ့ ေခ်ာင္ေခ်ာင္နဲ႔ လွ်ိဳ႕ေပတို႔ ဘယ္လိုမ်ားေတြ႕ဆုံၿပီး
တုန္းက်ိဳးကိုဘယ္လိုျဖဳတ္ခ်ၾကမလဲဆိုတာကို စိတ္ဝင္စားဖြယ္ၾကည့္ရႈၾကရမယ့္ဇာတ္လမ္းေကာင္းေလးပါ။
Review – Yue Liang
File Size – 1GB,2GB
Format…mp4
Quality : 1080p WED-DL,720p WED-DL
Genre : Action
Subtitle : Myanmar Subtitle (hardsub)
Translated by Yue Liang
Encoded by Arrow
Leave a Reply