Easy Does It(2019)
ဒီတခါတော့ GC ချစ်သူတို့အတွက် အမေရိကန် Crime-adventure ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
ဂျက်နဲ့ စကော့တီတို့ ဟာ အချစ်ဆုံးသူငယ်ချင်းတွေပါ။ သူတို့ဟာ ကင်းဂျော့ဂျီဆိုတဲ့ အမျိုးသမီးရဲ့ စားသောက်ဆိုင်မှာ အလုပ်လုပ်ကြတဲ့သူတွေပါ။ အကြောင်းရင်းကတော့ ကင်းဆီမှာ တင်နေတဲ့ အကြွေးကို ဆပ်ဖို့ပါပဲ။
တရက်မှာတော့ ဂျက်ကို ငယ်စဉ်ကတည်းက စွန့်ပစ်သွားတဲ့ မိခင်သေဆုံးတာကို သိလိုက်ရပါတယ်။ ထို့အပြင် အမေဖြစ်သူအမွေတွေ ထားခဲ့တာကိုလည်း ဂျက်တစ်ယောက် သိရှိလိုက်ရပါတယ်။ ဒီလိုနဲ့ ထိုအမွေတွေကို သွားယူပြီး အကြွေးဆပ်ဖို့ ကြံစည်ပါတယ်။ သူရဲ့ အခင်ဆုံး သူငယ်ချင်းနဲ့ အတူပေါ့။
ဖြစ်ချင်တော့ ကင်း မသိအောင် ခိုးထွက်လာရသလိုဖြစ်နေပါတယ်။ အဲ့ဒီမှာ ကင်းက သူ့သမီးကို လွှတ်ပြီး ဂျက်တို့ကို လိုက်သတ်ခိုင်းပါတော့တယ်။ ဂျက်တို့ကလည်း သွားရမဲ့ခရီးက နယ်တွေအများကြီး ဖြတ်ကျော်ရတာမို့ ခရီးစရိတ်နဲ့ ဆီဖိုးအတွက် တွေ့ကရာ လုရင်း ဝရမ်းပြေးဓားပြလေးတွေ ဖြစ်မှန်း မသိဖြစ်လာပါတော့တယ်။
ဒီလို သွားတဲ့ လမ်းတစ်လျှောက်မှာ ကြုံရတဲ့ အလွဲတွေကြောင့် ရယ်ရသလို ဖမ်းမိသွားမှာကိုလည်း ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။
သူတို့ရဲ့ ရွှေထုပ်ရှာပုံတော်ကြီးပြီးမြောက်အောင်မြင်ပါ့မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါဦး။
Leave a Reply