Exit print mode Print Data A+ A- Undo all

Eight Below

The Most Amazing Story Of Survival, Friendship, And Adventure Ever Told.
Eight BelowEight Below

Synopsis:

ဒီဇာတ်ကားကတော့ ကွယ်လွယ်သွားပြီဖြစ်တဲ့ မင်းသားကြီး Paul Walker ရဲ့ကားတွေထဲက အကောင်းဆုံးကားတစ်ကားပါပဲ

၁၉၃၈ တုန်းကရိုက်ခဲ့တဲ့ Antarctica ဆိုတဲ့ ဇာတ်ကားကို အခြေခံပြီး Walt Disney Pictures က အကောင်းဆုံး ပုံစံနဲ့ ပြန်လည်ရိုက်ကူးပြထားတာဖြစ်ပါတယ်

ဇာတ်လမ်းအညွှန်း

Jerry ကတော့ National Science Foundation နဲ့ချုုပ်ထားတဲ့ စာချုပ်အရ Antarctica research base မှာ guide လုပ်ပေးနေရသူပါ

သူ့မှာ အတူတူနေတဲ့ ခွေးလေး ရှစ်ကောင်ရှိပါတယ်

National Science Foundationရဲ့ရည်ရွယ်ချက်ကတော့ (Mount Melbourne) ရေခဲတောင်မှာ (meteorite) ကျောက်တွေကို ရှာဖွေဖို့အတွက်ပေါ့

တစ်နေ့ သူတို့တွေ ထိုရေခဲတောင်သို့ သွားရောက်ဖို့အတွက် ရေခဲလွှာပါးတာကြောင့် ယာဉ်တွေနဲ့သွားမရပဲ ခွေးရှစ်ကောင်ကို စွတ်ဖားနဲ့ချိတ်ပြီးသွားကြရပါတယ်

သူတို့ကအသွား နှင်းမုန်တိုင်းက ဝင်လာတဲ့နောက်…

ဒဏ်ရာတွေရပြီး အရေးပေါ်လေယာဉ်နဲ့ ဆေးရုံကို သွားရမယ့်ကိစကဖြစ်လာတော့ သူရဲ့ခွေးလေးရှစ်ကောင်ကို ရေခဲပြင်ပေါ်မှာပဲ သံကြိုးတွေ ခိုင်အောင်ချည်ပြီး ထားခဲ့ရပါတော့တယ်

Jerry က ဆေးရုံမှာလူတွေချပြီးရင် လေယာဉ်မှူးကို ပြန်သွားခေါ်ဖို့ပြောခဲ့ပေမယ့် ပြန်သွားမခေါ်ပေးခဲ့တာကို Jerry ဆေးရုံမှာပြန်နိုးနိုးချင်းသိလိုက်ရတဲ့အခါမှာတော့…

သူ့ခွေးလေးတွေကို ပြန်ခေါ်ဖို့ သူဘယ်လိုလုပ်မလဲ

ဒီလောက်အေးခဲနေတဲ့အပြင် နှင်းမုန်တိုင်းကပါ တိုက်ခတ်နေတဲ့ ရေခဲပြင်ပေါ်မှာ လည်ပင်းသံကြိုးတွေချည်ထားခံရတဲ့ ခွေးလေးရှစ်ကောင်ကရော သူတို့အသက်ရှင်အောင် ဘယ်လိုနေထိုင်ကြမလဲ…

အသက်ရောရှင်ပါ့မလား ဆိုတာတွေကို ရင်နဲ့အမျှခံစားရင်း ကြည့်ရှု့ကြရမှာပါ…။

Original title
Eight Below
Director
Frank Marshall
Stars
Bruce Greenwood, Moon Bloodgood, Paul Walker, Wendy Crewson
Release Date
17 Feb 2006
Rated
PG
Runtime
120 min
Awards
2 wins & 2 nominations.
Country
USA
Budget
USD $40 000 000,00
Revenue
USD $120 455 994,00
Popularity
13.733
Status
Released
ID IMDb.com
tt0397313
IMDB Rating
7.3
IMDB votes
60,186
ID Themoviedb.org
9036
TMDb Rating
7
TMDb votes
1242