Enemy Lines (2020)
======================================
ဒုတိယကမ္ဘာစစ်ဖြစ်ဖို့ အစပျိုးနေတဲ့ စစ်ဦးပိုင်းကာလမှာ အမေရိကန်နဲ့ဗြိတိန်ဘက်က ဂျာမနီမှာ ဒေါက်တာဖေဘီယန်ဆိုတဲ့ သိပ္ပံပညာရှင်တစ်ယောက်က နာဇီတွေအတွက် လျှို့ဝှက်စမ်းသပ်မှုတွေ လုပ်ဆောင်ပေးနေတယ်လို့ သတင်းရခဲ့တယ်။ ဒါကြောင့် အမေရိကန်နဲ့ဗြိတိန်ပူးပေါင်းပြီး ပိုလန်ကို အဖဠဲ့တစ်ဖွဲ့စေလွှတ်ကာ သိပ္ပံပညာရှင်ကို သွားခေါ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ မေဂျာကန်မင်းစကီနဲ့ ဒေဗစ်ဆန်တို့ပါဝင်တဲ့ ဒီအဖွဲ့က ဒေါက်တာ ဖေဘီယန်နဲ့ သူ့မိသားစုကို တွေ့ဆုံမယ့်နေရာမှာ ဒေါက်တာကိုကယ်ဖို့ စီစဉ်ထားကြပေမယ့် နာဇီတပ်သားတွေက ထင်တာထက်များနေတာကြောင့် သူတို့ရဲ့အစီအစဉ်တွေ လွဲချော်သွားတဲ့အခါ ဘယ်လိုအခက်အခဲတွေကြုံရမလဲ။
အခက်အခဲအသွယ်သွယ်ကြားကနေ ဒေါက်တာကိုသူတို့ ကယ်တင်နိုင်မှာလား။ ဒေါက်တာရဲ့ လျှို့ဝှက်သုတေသနဆိုတာကရော ဘာဖြစ်မလဲ။ သူတို့အားလုံး စစ်ဆင်ရေးကို အောင်မြင်စွာပြီးဆုံးပြီး စောင့်မျှော်နေတဲ့မိသားစုတွေဆီကို လူစုံတက်စုံနဲ့ပြန်နိုင်ပါ့မလားဆိုတာကို ဒီ Enemy linesဆိုတဲ့ ဇာတ်ကားမှာ ကြည့်ရှုရင်း ဒုတိယကမ္ဘာစစ်အတွင်းက စစ်ပွဲကို အဆုံးသတ်စေချင်နေတဲ့ စစ်သားတွေရဲ့ဘဝကို ခံစားလိုက်ရအောင် …
Leave a Reply