(App only)
(free ကြည့်ချင်သူများ app ကနေကြည့်လို့ရပါတယ်)
##unicode
ဒီတစ်ခေါက်မှာတော့အိန္ဒိယဟာသကားလေးတစ်ကားကိုရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ဗန်ကီနဲ့ဗာရွန်တို့သူငယ်ချင်းနှစ်ယောက်ဟာငွေရေးကြေးရေးပြဿနာတွေနဲ့ရုန်းကန်နေရတဲ့သူဖြစ်ပါတယ်
ဗန်ကီဟာဆိုရင်မိသားစုဝင်အများကြီးနဲ့အသုံးစာရိတ်မလောက်ငနိုင်ဖြစ်နေပြီး ဗာရွန်ကတော့
လမ်းပေါ်မှာအမြဲတမ်းလေလွင့်နေတတ်တဲ့မိဘမဲ့တစ်ကောင်ကြွက်ကောင်လေးတစ်ယောက်ပေါ့
တစ်နေ့သူငယ်ချင်းနှစ်ယောက်တိုင်ပင်ပြီးချမ်းသာတဲ့မိန်းကလေးတစ်ယောက်ကိုအပိုင်ဖမ်းပြီး ပိုက်ဆံတွေချူဖို့ကြံစည်ပါတော့တယ်
ဒါပေမယ့်ကံဆိုးချင်တော့အဲ့ဒီမိန်းကလေးကလည်းသူတို့လိုပဲအကြံနဲ့ချဉ်းကပ်လာတဲ့သူဖြစ်နေခဲ့ပါတယ်
အစကတည်းကပိုက်ဆံမရှိတဲ့ဗန်ကီတို့သူငယ်ချင်းနှစ်ယောက် သူဌေးသမီးအထင်နဲ့ပိုးပန်းခဲ့တဲ့စာရိတ်တွေပဲကုန်ပြီးတော့
ပိုပြီးတောင်အကြွေးနွံထဲနစ်သွားပါတော့တယ် အဲ့ဒီအချိန်မှာသူဌေးကြီးတစ်ယောက်ဟာ ၁၀ နှစ်အရွယ်ကတည်းက
အိမ်ပေါ်ကဆင်းသွားတဲ့သားဖြစ်သူကိုလိုက်ရှာနေတယ်ဆိုတဲ့ဗီဒီယိုတစ်ခုထွက်လာခဲ့ပါတယ်
ဗန်ကီနဲ့ဗာရွန်တို့သူဌေးကြီးရဲ့သားအဖြစ်ဟန်ဆောင်ပြီးစည်းစိမ်ဥစ္စာတွေကိုဆက်ခံဖို့ကြံစည်တာပေါ့
သူတို့အကြံအစည်အောင်မြင်နိုင်ပါ့မလား သူဌေးကြီးကရောသားအရင်းအဖြစ်ဘယ်သူ့ကို
အသိအမှတ်ပြုလိုက်မှာလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်
##zawgyi
Review – Phyu Sin
File Size – 1.3GB,2.6GB
Format…mp4
Quality :1080p WED-DL,720p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin
Encoded by Arrow
====================================================================================
App ဒေါင်းရန်
မန်ဘာဝင်လိုသူများ
viber – 09691177142
Leave a Reply