##unicode
ကောင်မလေးတစ်ယောက်က ညတော်တော်နက်မှ ဘားတစ်ခုမှာသွားထိုင်ပါတယ် ဘားက ပိတ်ခါနီးဖြစ်နေတဲ့အပြင် ထိုင်သူလည်းတစ်ယောက်မှမရှိတော့ပါဘူး
အဲ့ဒီက ဝန်ထမ်းက တစ်ယောက်တည်းလာတဲ့ကောင်မလေးကို ကြူဖို့ကြံပါတယ် ဒါပေမယ့် ကောင်မလေးက ခပ်မာမာပဲစကားပြန်လိုက်လို့ ဒီတိုင်းပဲသူ့အလုပ်သူ ဆက်လုပ်နေပါတော့တယ်
အဲ့ဒီအချိန်မှာ ဇာတ်လမ်းစတာပါပဲ လူစိမ်းနှစ်ယောက်က ရောက်လာပါတယ်
တစ်ယောက်က တစ်ယောက်ကိုကုန်းပိုးပြီး မေ့လဲသွားလို့ပါဆိုကာ အကူအညီတောင်းပါတော့တယ် ကောင်မလေးကလည်း သူကဆိုင်ရှင်မဟုတ်ဘူး ဧည့်သည်ပဲပြောပေမယ့် နောက်တော့ကူညီပေးလိုက်ရပါတယ် တကယ်တော့ အဲ့ဒီလူနှစ်ယောက်က လုဖို့ အကြံနဲ့မေ့လဲချင်ယောင်ဆောင်ပြီး ဝင်လာခဲ့တာပါ
နောက်တော့ အဲ့ဒီက ဝန်ထမ်းဖြစ်သူနဲ့ လူစိမ်းနှစ်ယောက်ထဲက အငယ်ဖြစ်သူနဲ့တွေ့ပြီး အချင်းများကာ ဝန်ထမ်းဖြစ်သူကို သတ်မိသွားပါတော့တယ်
အဲ့ဒီမှာ ကနဦး ငွေလုဖို့ဝင်လာတဲ့သူနှစ်ယောက်က လူသတ်မိရာကနေ အလောင်းဖျောက်ဖို့ ထပ်ကြံကြပါတယ် ခုနက ဘားမှာထိုင်နေတဲ့ကောင်မလေးကရော အဲ့ဒီလူသတ်မှူရဲ့ မျက်မြင်သက်သေအနေနဲ့ ဘယ်လိုရှောင်တိမ်းထွက်ပြေးမလဲ လူစိမ်းနှစ်ယောက်ကရော ဒီအလောင်းကိုအောင်မြင်အောင်ဖျောက်နိုင်မလား ရဲလက်ပဲအဖမ်းခံလိုက်ရမလားဆိုတာ တထိတ်ထိတ်နဲ့ကြည့်ရမယ့်ကားလေးပါ🧐
ဟော်လိုးဝင်းညလေးတစ်ညမှာပဲ ဖြစ်ပျက်သွားတဲ့ပုံစံလေး ရိုက်ထားပြီး လုံးဝမထင်မှတ်ထားတဲ့ ဇာတ်သိမ်းနဲ့ကြည့်ကောင်းတဲ့ကားလေးမို့ ဆက်ဆက်ကြည့်လိုက်ပါနော်🤗
##zawgyi
Review – Chuu Chuu
File Size – 1.2GB
Format…mp4
Quality : 1080p WEB-DL
Duration… 1h28
Genre :Crime, Horror , Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated & Timing by Chuu Chuu
Encoded by Arrow
Leave a Reply