Fatima(2020)
ဇာတ်လမ်းလေးကတော့ ၁၉၁၇ ခုနှစ်တွင် ဖာတီမာမယ်တော်သခင်မ ကိုယ်ထင်ပြသတဲ့
အံဖွယ်ဖြစ်ရပ်ကို အခြေခံထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ၁၉၁၇ ခုနှစ်ရဲ့နေ့တစ်နေ့
ပေါ်တူကီနိုင်ငံ ဖာတီမာဒေသမှာ သိုးထိန်းမလေးလူစီရာနဲ့ သူ့ရဲ့ဝမ်းကွဲမောင်နှမနှစ်ယောက်တို့ဟာ
မွန်မြတ်သောအပျိုစင်မာရီယာရဲ့ဝိညာဉ်တော်မြတ်နဲ့ ကံအားလျော်စွာပဲ ဆုံတွေ့ခွင့်ရခဲ့ပါတယ်။
တကယ်တော့ သူတို့က လူအများကြီးထဲမှ ရွေးချယ်ခံခဲ့ရတာပါ။ ဒီသတင်းက မြို့ထဲပျံနှံ့သွားတဲ့အခါမှာ
သူတို့တွေက ပထမကမ္ဘာစစ်ရဲ့ဒဏ်ကို ခံစားနေရတဲ့ ယုံကြည်သူများရဲ့ အားကိုးရာ လှုံဆော်ရာဖြစ်လာပေမယ့်
ကတ်သလစ်ဘုရားကျောင်းများနဲ့ အစိုးရပိုင်းကလူတွေကတော့ သူတို့ကို အလိမ်အညာဇာတ်လမ်းများ
ဖန်တီးပြီး ဝါဒဖြန့်ဝေသူများအဖြစ် သတ်မှတ်ကြပါတော့တယ်။ ၁၀ နှစ်အရွယ် သိုးထိန်းမလေးလူစီရာဟာ
အဆိုပါဖိအားတွေကြားကနေ သူ့ရဲ့ ယုံကြည်ရာကို အဆုံးစွန်ထိ ဘယ်လိုသယ်ဆောင်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှူကြည့်ကြပါဦး..
Leave a Reply