##unicode
မင်းသားကြီး Tom Hanks ပါဝင်သရုပ်ဆောင်ထားတဲ့အသစ်ထွက်စိတ်ကူးယဉ်သိပ္ပံကားလေးဖြစ်တဲ့
Finch ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းအကြောင်းအရာလေးကတော့ဖင့်ခ်ျဝှိုင်းဘက်ဆိုတဲ့ဖန်တီးတီထွင်သူတစ်ယောက်ဟာ
ကမ္ဘာကြီးပျက်စီးပြီးနောက်ဆိုးရွားတဲ့ရာသီဥတုအစားအသောက်ရှားပါးမှုဒဏ်ကိုအန်တုရင်း ခြောက်ကပ်နေတဲ့ကမ္ဘာကြီးမှာ
ရှင်သန်နေထိုင်နိုင်အောင်ကြိုးစားနေသူဖြစ်ပါတယ်ဖင့်ခ်ျဟာခွေးလေးတစ်ကောင်နဲ့အတူနေထိုင်ပြီးတစ်ရက်မှာတော့
သူတို့ဆီကိုရောက်လာမယ့်မုန်တိုင်းဒဏ်ကနေအကာအကွယ်ရနိုင်ဖို့တောင်တန်းတွေဘက်ကိုခရီးထွက်လာခဲ့ပါတော့တယ်
ဒီခရီးမှာတော့ဖင့်ခ်ျနဲ့အတူသူတီထွင်ထားတဲ့စက်ရုပ်လေးဖြစ်တဲ့ဂျက်ဖ်လည်းအတူပါလာပါတယ်
အန္တရာယ်များတဲ့ခရီးကြမ်းထဲမှာစက်ရုပ်ဂျက်ဖ်ဟာဖင့်ချ်တို့အတွက်အသုံးဝင်တဲ့စက်ရုပ်လေးဖြစ်လာပါတော့တယ်
ခရီးတစ်လျှောက်လုံဖင့်ခ်ျနဲ့စက်ရုပ်လေးဂျက်ဖ်တို့ဘယ်လိုအခက်အခဲခရီးကြမ်းတွေကိုအတူဖြတ်ကျော်ကြမလဲ
အားလုံးအန္တရာယ်ကင်းကင်းနဲ့စိတ်ချလုံခြုံတဲ့နေရာကိုအရောက်သွားနိုင်မှာလားဆိုတာကို
စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်
##zawgyi
မင္းသားႀကီး Tom Hanks ပါဝင္သ႐ုပ္ေဆာင္ထားတဲ့အသစ္ထြက္စိတ္ကူးယဥ္သိပၸံကားေလးျဖစ္တဲ့
Finch ဆိုတဲ့ဇာတ္ကားေလးကိုတင္ဆက္ေပးလိုက္ပါတယ္
ဇာတ္လမ္းအေၾကာင္းအရာေလးကေတာ့ဖင့္ခ္်ဝႈိင္းဘက္ဆိုတဲ့ဖန္တီးတီထြင္သူတစ္ေယာက္ဟာ
ကမာၻႀကီးပ်က္စီးၿပီးေနာက္ဆိုး႐ြားတဲ့ရာသီဥတုအစားအေသာက္ရွားပါးမႈဒဏ္ကိုအန္တုရင္း ေျခာက္ကပ္ေနတဲ့ကမာၻႀကီးမွာ
ရွင္သန္ေနထိုင္ႏိုင္ေအာင္ႀကိဳးစားေနသူျဖစ္ပါတယ္ဖင့္ခ္်ဟာေခြးေလးတစ္ေကာင္နဲ႔အတူေနထိုင္ၿပီးတစ္ရက္မွာေတာ့
သူတို႔ဆီကိုေရာက္လာမယ့္မုန္တိုင္းဒဏ္ကေနအကာအကြယ္ရႏိုင္ဖို႔ေတာင္တန္းေတြဘက္ကိုခရီးထြက္လာခဲ့ပါေတာ့တယ္
ဒီခရီးမွာေတာ့ဖင့္ခ္်နဲ႔အတူသူတီထြင္ထားတဲ့စက္႐ုပ္ေလးျဖစ္တဲ့ဂ်က္ဖ္လည္းအတူပါလာပါတယ္
အႏၲရာယ္မ်ားတဲ့ခရီးၾကမ္းထဲမွာစက္႐ုပ္ဂ်က္ဖ္ဟာဖင့္ခ်္တို႔အတြက္အသုံးဝင္တဲ့စက္႐ုပ္ေလးျဖစ္လာပါေတာ့တယ္
ခရီးတစ္ေလွ်ာက္လုံဖင့္ခ္်နဲ႔စက္႐ုပ္ေလးဂ်က္ဖ္တို႔ဘယ္လိုအခက္အခဲခရီးၾကမ္းေတြကိုအတူျဖတ္ေက်ာ္ၾကမလဲ
အားလုံးအႏၲရာယ္ကင္းကင္းနဲ႔စိတ္ခ်လုံၿခဳံတဲ့ေနရာကိုအေရာက္သြားႏိုင္မွာလားဆိုတာကို
စိတ္ဝင္စားဖြယ္ၾကည့္ရႈရမယ့္ဇာတ္ကားေကာင္းေလးျဖစ္ပါတယ္
Review – Phyu Sin
File Size – 2.5GB,1.3GB
Format…mp4
Quality : 1080p WED-DL,720p WED-DL
Genre : Drama,Sci-fi
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin & Hmue
Encoded by Arrow
Upload on Youtube
Leave a Reply