##unicode
ဒီတစ်ခေါက်မှာတော့ အသစ်စက်စက်ထွက်ရှိထားတဲ့ “For the sake of vicious” ဆိုတဲ့
mystery horror ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ နာ့စ်တစ်ယောက်ဟာဂျူတီပြီးလို့အိမ်ကိုပြန်လာတဲ့အခါ သူ့ရဲ့အိမ်ထဲမှာလူတစ်ယောက်
ကျူးကျော်ဝင်ရောက်နေခဲ့ပါတယ် ဒါပေမယ့်အဲ့ဒီလူတစ်ယောက်တည်းရောက်လာတာမဟုတ်ဘဲ
သူနဲ့အတူလူတစ်ယောက်ကိုပါပြန်ပေးဆွဲလာတာပါ တကယ်တော့ အိမ်ထဲကိုဝင်လာတဲ့သူဟာ
ချားလော့ဆိုတဲ့မုဒိမ်းကျင့်ခံရတဲ့ကလေးမလေးရဲ့အဖေခရစ်ဖြစ်ပြီးတော့ သူဖမ်းလာတဲ့သူကလည်းသူ့သမီးကို
မကောင်းကြံခဲ့တဲ့သူဖြစ်တယ်လို့ တထစ်ချယုံကြည်ထားတဲ့သူပါ ဒါပေမယ့်သူဖမ်းလာတဲ့သူကလည်း
ကလေးကိုမကောင်းကြံတာသူမဟုတ်ကြောင်းအတင်းငြင်းနေပါတော့တယ်
ခရစ်ကပဲ လူမှားပြီးဖမ်းခေါ်လာတာလား နောက်ကွယ်မှာရော ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေဦးမလဲဆိုတာကို
စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ကားလေးဖြစ်ပါတယ်
##zawgyi
Review – Phyu Sin
File Size –600MB,2GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Genre : Action, Horror, Mystery
Subtitle : Myanmar Subtitle (softsub)
Translated by Phyu Sin
Encoded by Arrow
Leave a Reply