Exit print mode Print Data A+ A- Undo all

#FriendButMarried

#FriendButMarried#FriendButMarried

Synopsis:

Friend But Married ဆိုတဲ့ကားလေးက သူ့နာမည်လေးအတိုင်းပါပဲ

သူငယ်ချင်းတော့သူငယ်ချင်း ဒါပေမယ့် လက်ထပ်မိသွားတယ်ပေါ့

သူ့နာမည်မှာတင် အဓိပ္ပါယ်ကပါနေပြီးသားပါ

ဇာတ်လမ်းအကျဥ်းလေးကတော့ ဒစ်တိုဆိုတဲ့ကောင်လေးဟာ

ကလေးဘဝတည်းက တီဗီကမိသားစု ဇာတ်လမ်းတွဲတွေမှာသရုပ်ဆောင်တဲ့

ကလေးသရုပ်ဆောင်လေး အာယုကိုချစ်ကြိုက်မိပါတယ်

အာယု ကသူ့စိတ်ကူးထဲကနတ်သမီးလေးပေါ့

အာယုကိုအပြင်မှာလဲတွေ့ရလိမ့်မယ်သူမထင်ခဲ့ပါဘူး

ဖြစ်ချင်တော့ ကံကောင်းတဲ့တစ်ရက်မှာ အာယုဟာ

သူတက်တဲ့ကျောင်းကိုမှဆိုက်ဆိုက်မြိုက်မြိုက်လာတက်ပါတော့တယ်

ဖြစ်ချင်တော့ အတန်းထဲမှာခုံလွတ်နေတာလဲ

ဒစ်တို့ဘေးမှာပဲရှိတော့ သူ့ဘေးမှာဝင်ထိုင်ဖို့ခွင့်တောင်းတယ်

ဒီလိုနဲ့ အရမ်းချစ်တဲ့သူငယ်ချင်းတွေဖြစ်သွားကြတယ်

ဒီကားမှာထူးခြားချက်က အခြား Friendship ကားတွေလို

အချိန်အကြာကြီးသူငယ်ချင်းဖြစ်လာပီးမှအရောင်ပြောင်းသွားကြတာမဟုတ်ပဲ

ဒစ်တို့ဖက်ကအစောကြီး ကတည်းကအာယုကိုကြိတ်crush နေတာပါ

ဒီလို့နဲ့ BFF ကြီးအဖြစ် ၁၃နှစ်တောင် Friendzone ထဲအထည့်ခံရတဲ့

ဒစ်တို သူဘယ်လိုရုန်းထွက်သွားလဲဆိုတာ ကွက်ကွက်ကွင်းကွင်းမြင်ရမှာပါ

IMDb မှာလဲ rating မဆိုးဘူး cast တွေကလဲအကုန်ချောချောလှလှလေး

နောက်ပြီးအိုဗာမတင်းတဲ့ romantic moment လေးတွေပါလို့

ကြည့်ရတာတစ်မျိုးအရသာရှိပါတယ်

အင်ဒို ကားတွေလဲမခေတော့ပါဘူး နောက်ပြီး

Crazy Little Thing Called Love ထဲကလိုမင်းသားနဲ့မင်းသမီး

ညားသွားကြတာနဲ့တင် အဆုံးမသတ်ပဲ

သူ့ရဲ့ sequel Friend But Married 2 ဆိုပြီး

2020 မှာထပ်ထွက်ထားလို့ တစ်ဆက်တည်း

သူတို့နှစ်ယောက်ရဲ့နောက်ပိုင်းဇာတ်လမ်းတွေကိုပါကြည့်ရဦးမှာပါ

Original title
#FriendButMarried
Director
Rako Prijanto
Stars
Adipati Dolken, Denira Wiraguna, Refal Hady, Vanesha Prescilla
Release Date
28 Mar 2018
Rated
N/A
Runtime
102 min
Awards
3 nominations.
Country
Indonesia
Budget
USD $0,00
Revenue
USD $0,00
Popularity
1.728
Status
Released
ID IMDb.com
tt8076266
IMDB Rating
6.9
IMDB votes
458
ID Themoviedb.org
503352
TMDb Rating
6.9
TMDb votes
8