##unicode
ဒီဇာတ်ကားတော့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်
နာမည်ကြီးမင်းသမီး Deepika Padukoneပါဝင်ထားပြီး မင်းသားက Siddhant Chaturvediအပြင်
အခြားနာမည်ကြီးသရုပ်ဆောင်တွေနဲ့ Amazon Primeကထွက်ရှိလာတဲ့ဇာတ်ကားကောင်းပဲဖြစ်ဖို့
ကြည့်လို့ကောင်းမှာအသေအချာပါပဲ
ဒီဇာတ်လမ်းမှာတော့ ရူပ်ထွေးလှတဲ့လူ့ခံစားချက်တွေကိုကောင်းကောင်းတင်ပြထားနိုင်တာကိုမြင်တွေ့ရမှာပါ
အာလီရှာက ယောဂဆရာမတစ်ယောက်ပြီး သူ့အမေ သူ့ရှေ့မှာသေကြောင်းကြံစည်သွားတာကိုမြင်ခဲ့ရလို့
စိတ်ဒဏ်ရာရနေခဲ့တဲ့မိန်းကလေးတစ်ယောက်ပါ ဇိန်းကတော့ သူ့ညီမဝမ်းကွဲတီရာရဲ့ခင်ပွန်းဖြစ်ပြီး
အဖေ့ရဲ့အကြမ်းဖက်မှုတွေကိုခံခဲ့ရတာကြောင့် အမေ့ကိုပစ်ထားခဲ့ပြီးအမေရိကကိုပြောင်းလာခဲ့တဲ့
လူတစ်ယောက်ပါ ဒီလိုမျိုး စိတ်ဒဏ်ရာကိုယ်စီနဲ့သူတို့နှစ်ယောက်ဟာအချင်းချင်းဆီမှာနှစ်သိမ့်မှုတွေရှာခဲ့ပါတယ်
အာလီရှာနဲ့ရည်းစားဖြစ်ပြီး တီရာ့အပေါ်မှာဖောက်ပြန်ခဲ့တဲ့ ဇိန်းဟာ တီရာရဲ့မိသားစုနဲ့လည်း
ငွေကြေးပိုင်းကမလွတ်ပါဘူး ဇိန်းရဲ့ကုမ္ပဏီကို တီရာတို့မိသားစုက ငွေကြေးထောက်ပံ့ပေးထားခဲ့ပါတယ်
အာလီရှာနဲ့ပဲဘဝကိုနေသွားတော့မယ်လို့ ဇိန်းဆုံးဖြတ်လိုက်တဲ့အချိန်မှာတော့
သူ့အစ်မဝမ်းကွဲနဲ့ဖောက်ပြန်နေခဲ့ကြောင်း တီရာ့ကို ဇိန်းဘယ်လိုပြောမှာလဲ
တစ်ဖက်မှာလည်း ဇိန်းရဲ့ကုမ္ပဏီက အကြွေးပုံထဲမှာနစ်နေတဲ့အခါမှာတီရာနဲ့ဘယ်လိုငွေကြေးပိုင်းရော
အဆက်ဖြတ်မှာမလဲဆိုတဲ့အရူပ်အထွေးတွေကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ဒီဇာတ်ကားမှာ
စောင့်ကြည့်ရမှာပဲဖြစ်လို့ကြည့်ရူအားပေးကြပါဦးနော်
##zawgyi
Review – Hmue
File Size – 1.3GB,2.6GB
Format…mp4
Quality : 1080p WED-DL,720p WED-DL
Genre : Drama,Romance
Subtitle : Myanmar Subtitle (Hard Sub)
Translated by Hmue & Phyu Sin
Encoded by Arrow
====================================================================
App ဒေါင်းရန္
မန်ဘာဝင်လိုသူများ
viber – 0969117714
Leave a Reply