Exit print mode Print Data A+ A- Undo all

Gentleman

GentlemanGentleman

Synopsis:

ဒီဇာတ်လမ်းလေးကတော့…
မင်းသားမှာ အိပ်စက်ခြင်းရောဂါရှိတယ်
သူက တစ်ရက်မှာ ၁၈နာရီအိပ်ပြီး…
သူနိုးတဲ့အချိန်က ၆နာရီပဲရှိတယ်
သူအိပ်ချင်လာပြီဆို ဘာကိုမှအာရုံမစိုက်နိုင်တော့ဘဲ
ကိုယ်သိကျွမ်းတဲ့သူကိုတောင် မမှတ်မိဘဲ ဖြစ်သွားတတ်တယ်
နောက်ဇာတ်လမ်းတစ်ဖက်မှာက ကိုယ်ဝန်မရနိုင်တဲ့ အမျိုးသမီးတွေအတွက် ဖန်ပြွန်သန္ဓေဖန်တီးဖို့
မမျိုးဥတွေ လိုအပ်တယ်…
ဒီမမျိုးဥဆိုတာကလည်း အခြား ငယ်ရွယ်နုပျိုတဲ့ အမျိုးသမီးလေးတွေဆီက ရတဲ့ မျိုးဥတွေကပဲ အသုံးဝင်တာဆိုတော့…
လိုအပ်ချက်ကများပြီး စျေးကွက်မှာ ပမာဏနည်းပါးနေတဲ့အခါ…
မျိုးဥမှောင်ခိုလုပ်ငန်းတွေပေါ်လာတော့တာပဲ ..
ငယ်ရွယ်တဲ့ မိန်းကလေးတွေကို ပြန်ပေးဆွဲတယ်…
သူတို့ကို မျိုးဥများများထွက်စေတဲ့ မီနိုဖောထိုးပေးပြီး သူတို့မျိုးဥတွေကို မှောင်ခိုရောင်းဝယ်တယ်…
မင်းသားမှာက သူအရမ်းချစ်ရတဲ့ တူမလေးတစ်ယောက်ရှိတယ်…
သူ့အစ်ကို နဲ့ မရီးက မတော်တဆမှုနဲ့ဆုံးပါးသွားတော့ တူမလေးကို တာဝန်ယူတော့တာပေါ့ …
တစ်နေ့ သူနဲ့ သူ့တူမလေး ကစားကွင်းကိုသွားတုန်း…. သူအိပ်ငိုက်လာတဲ့အချိန်မှာ သူ့တူမလေးပျောက်သွားတယ်…
သူ့တူမလေးကိုလိုက်ရှာရင်း နဲ့ သူ့အစ်ကို နဲ့ မရီးသေရတဲ့အကြောင်း ကွင်းဆက်တွေ ညောင်မြစ်တူး ပုတ်သင်ဥပေါ်သလို တောက်လျောက်ပေါ်လာတော့တာပဲ
အချစ်ဆုံးတူမလေး ပျောက်သွားတဲ့အပြင် အစ်ကိုနဲ့မရီး အသတ်ခံလိုက်ရတယ်ဆိုတဲ့အကြောင်းပါ သိသွားတဲ့နောက်မှာတော့..
အိပ်စက်နေတဲ့ သားရဲကောင်ကြီး နိုးထလာပြီး ဘယ်လိုတွေ အပြုတ်နှံမလဲဆိုတာကတော့…..

 

Original title
Gentleman
Director
Jadesh Kumar
Stars
Nishvika Naidu, Prajwal Devaraj, Sanchari Vijay
Release Date
07 Feb 2020
Rated
N/A
Runtime
144 min
Awards
N/A
Country
India
Budget
USD $0,00
Revenue
USD $0,00
Popularity
1.118
Status
Released
ID IMDb.com
tt11470290
IMDB Rating
8.2
IMDB votes
85
ID Themoviedb.org
719965
TMDb Rating
7
TMDb votes
1