Green Fish (1997)
==============
IMDB Rating. = 7 out of 10
Rotten Tomatoes. = Not Yet Available
Directed By Lee Chang Dong
Green Fishရဲ့ ဇာတ်လမ်းအကျဉ်းကိုအတိုဆုံးရေးပြရရင်
” တကယ်တမ်းမရှိတဲ့ ပျော်ရွှင်ခြင်းငါးစိမ်းကလေးကို ဖမ်းဆုပ်ဖို့ကြိုးစားရင်း လဲပြိုရှုံးနိမ့်သွားရတဲ့လူတစ်ယောက်အကြောင်း”ပါပဲ။
ကျွန်တော်တို့ရဲ့ ဘိုးတော်ကြီး လီချန်းဒုံရဲ့ ပထမဆုံးရုပ်ရှင်ပါ။
ပထမဆုံးပီသစွာပဲ လီချန်းဒုံရဲ့ ဝိသေသတွေနည်းသေးတယ်။ မသိမှုရသကိုလည်း ခပ်ပါးပါးပဲသုံးသေးတယ်။
သို့ပေမယ့် သူ့ရဲ့ ရက်စက်တဲ့ကမ္ဘာကြီးကတော့ ပထမဆုံးကားမှာတင် ပေါ်လွင်ပါတယ်။
ပထမဆုံးလက်ရာတွေတိုင်းဟာ နောက်ပိုင်းလက်ရာ တစ်ချို့နဲ့ယှဉ်ရင် အမြဲအားပျော့နေတတ်ပါတယ်။
ဒါက ပထမဆုံးလက်ရာတွေရဲ့ အားနည်းချက်ပါပဲ။
ပထမဆုံး လက်ရာတွေရဲ့ အားသာချက်ကတော့ ဖန်တီးသူရဲ့နှလုံးသားပျိုမြစ်နေခြင်းပါပဲ”။
Green Fishဟာ နှောင်းပိုင်းလက်ရာတွေနဲ့ ယှဉ်ရင် အားပျော့ပေမယ့်
လီချန်းဒုံရဲ့ အနုနယ်အပျိုပြစ်ဆုံး လက်ရာနဲ့ သူ့ရဲ့ Nostalgiaဖြစ်မှုကို ခံစားရမှာပါ။
ဟိုသီချင်ဟောင်းကလေးထဲကလို
“ရင်ဆိုင်ရင်း ရှုံးနိမ့်ရင် ဘဝမှာ
ဖျောက်ဖျက်မရတဲ့ အမှားများတွေနဲ့လူ
မျှော်လင့်ရင်း ဆုံးရှုံးရင်း နှလုံးသားမှာ
ဒဏ်ရာတွေ ကျန်ခဲ့တဲ့လူ”
ဒီလိုလူတစ်ယောက် သူ့ရဲ့ ပျော်ရွှင်မှု (ဝါ)
အစိမ်းရောင်ငါးကလေးကို ပြန်မတွေ့ခဲ့တဲ့ ချောင်းကလေးထဲကို
Green Fishထဲမှာ ကျွန်တော်တို့ ခုန်ဆင်းကြရမှာ။
Leave a Reply