IMDB 6.7 / 10
ဒီဇာတ်လမ်းလေးကတော့..
ဒရမ်မာ အက်ရှင် ခပ်ဆန်းဆန်းလေးပေါ့ဗျာ…
အိန္ဒိယရဲ့ မြို့တကာ နေရာအနှံ့မှာ လျောက်သွားနေတဲ့ ဂျစ်ပစီကောင်လေးတစ်ယောက်..
သူ့မှာ ချိန်း ဆိုတဲ့ မြင်းလေးတစ်ကောင်ရှိတယ်…
သူက ချိန်းကို သူငယ်ချင်းတစ်ယောက်လိုချစ်တာ…
သူ့ကောင်မလေးကတော့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်ကြီးတစ်ဦးရဲ့ သမီး…
လွတ်လပ်မှုကို လိုလားတဲ့ ဝါဟီဒါလေးက လေလိုလွင့်တဲ့ ဂျစ်ပစီတစ်ဦးဖြစ်ချင်တာ.
ဒါကြောင့် သူ့ကို အိမ်ထောင်ချပေးခါနီးမှာ ကောင်လေးတို့ နောက်ကိုလိုက်သွားခဲ့တာ..
ဒေါသပုန်ထပြီးကျန်ရစ်ခဲ့တဲ့ ကောင်မလေးအဖေရဲ့ ဒေါသတွေက ဂျစ်ပစီလေးပေါ်ကျလာတော့တာပေါ့..
ဒီလိုနဲ့ သူတို့နှစ်ယောက် ဘာသာရေးကို ခေါင်းစဉ်တပ်ပြီးသတ်ဖြတ်နေကြတဲ့ အုပ်စုတွေရဲ့လက်ကနေ ဘယ်လိုလွတ်အောင်ပြေးမလဲ..
သူတို့ချစ်သူနှစ်ယောက်ရော မကွဲကွာပဲ ပေါင်းစည်းနိုင်မှာလား …
အချစ် ၊ မေတ္တာ ၊ နိုင်ငံရေး ၊ ဘာသာရေး ရသအစုံအလင်ခံစားရမယ့်ဇာတ်ကားကောင်းလေးတစ်ကားလို့ ညွှန်းဆိုရင်း
Leave a Reply