##unicode
Tomနဲ့Janetက အိမ်ထောင်သက် ၁၄နှစ်ရှိတဲ့ စုံတွဲတွေဖြစ်ကြပြီးတော့
တစ်ခြားစုံတွေနဲ့မတူဘဲ အချင်းချင်းမငြီးငွေ့ဘဲ ချစ်နေကြသေးတဲ့လူတွေဖြစ်ပါတယ်။
တစ်ခြားစုံတွဲတွေလို ရန်ဖြစ်တာလဲမရှိဘဲ အမြဲတမ်းချစ်နေကြတဲ့
သူတို့အတွဲကို သူငယ်ချင်းစုံတွဲတွေက အမြင်ကပ်လာကြပါတယ်။
ဒါပေမဲ့ Tomတို့စုံတွဲကတော့ အခြားလူအမြင်ကို ဂရုမစိုက်ဘဲ
အချင်းချင်းဆက်ချစ်နေကြဆဲဖြစ်တယ်။
တစ်နေ့မှာ သူတို့အိမ်ကို ထူးဆန်းတဲ့လက်ဆွဲအိတ်နဲ့လူတစ်ယောက်ရောက်လာပြီး
သူတို့အမြဲတမ်းပျော်ရွှင်နေတာက မူမှန်ကြောင်းပြောပြီးတော့ သူတို့ကို လက်ဆွဲအိတ်ထဲက
ဆေးထိုးဖို့တိုက်တွန်းခဲ့တယ်။မလွဲသာမရှောင်သာအခြေအနေကြောင်
့ Janetတစ်ယောက် အဲ့ထူးဆန်းတဲ့လူကိုသတ်မိသွားကာ လက်မယားနှစ်ယောက် အလောင်းကို
တောထဲမှာသွားမြုပ်လိုက်ကြတယ်။ပြီးတော့ သူငယ်ချင်းစုံတွဲတွေနဲ့အတူ အားလပ်ရက်ခရီးထွက်ဖို့သွားခဲ့ကြတယ်။
Janetသတ်ခဲ့တဲ့လူက ဘယ်သူလဲ။သူတို့အားလပ်ရက်ခရီးမှာရော ဘယ်လိုထူးခြားတဲ့အဖြစ်အပျက်တွေဖြစ်လာမလဲ။
သူတို့ရဲ့သာယာလှတဲ့အိမ်ထောင်ရေးကိုရော သူတို့ဆက်ထိန်းသိမ်းနိုင်မလားဆိုတာကြည့်ရှုကြပါအုံး။
##zawgyi
Leave a Reply