(App member only)
##unicode
ဒီတစ်ခါမှာ Happy Birthday (2022)ဆိုတဲ့ အိန္ဒိယဇာတ်ကားလေးကိုတင်ဆက်ပေးထားပါတယ်။
ကာကွယ်ရေးဝန်ကြီးရစ်သ်ဝစ်ခ်ဆော်ဒီဟာ လူတိုင်းသေနတ်ကိုင်ဆောင်ခွင့်ရဖို့အတွက်
သေနတ်ဥပဒေကြမ်းကိုတင်သွင်းခဲ့တယ်။အဲဒီလိုနဲ့ သေနတ်ကိုင်ဆောင်ခွင့်ရလာတဲ့အခါမှာ လူတွေဟာ
သေနတ်မျိုးစုံကိုင်ဆောင်ကြတော့တာပါပဲ။ တစ်ဖက်မှာလည်း…ဟက်ပီးဆိုတဲ့ အမျိုးသမီးလေးဟာ
သူ့မွေးနေ့ကို ဟိုတယ်မှာစတိုင်ကျကျကျင်းပချင်နေတဲ့သူတစ်ယောက်ပါ။
လက်ကီးဆိုတဲ့ဟိုတယ်ဝန်ထမ်းကတော့ သူ့အမေကိုဆေးကုပေးဖို့အတွက် ပိုက်ဆံလိုအပ်နေခဲ့ပါတယ်။
လူသေအလောင်းတစ်ခုကိုရှင်းလင်းပေးဖို့အတွက် ဦးလေးဖစ်ခ်စ်ဇစ်ထ်ကမက်ခ်စ်ပိန်းဆိုတဲ့လူတစ်ယောက်ကိုငှားရမ်းခဲ့တယ်။
ဘေဘီဆိုတဲ့အမျိုးသမီးကတော့ ဝန်ကြီးကိုသတ်ဖြတ်ဖို့ကြံစဉ်ခဲ့တယ်လို့စွပ်စွဲခံရပြီးထောင်ထဲရောက်သွားခဲ့တဲ့သူပါ။
ဒါ့အပြင် အေးဂျင့်နှစ်ယောက်ဖြစ်တဲ့ဝီလျံနဲ့ဆယ်ရီနာ၊ စနိုက်ပါသမားတစ်ယောက်ဖြစ်တဲ့စနိုက်ပါဆမ်တို့ဟာလည်း
သူတို့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ဖို့ဖြစ်လာတဲ့အခါမှာတော့…….
ဟက်ပီး၊ လက်ကီး၊ ဘေဘီ၊ ဝန်ကြီးရစ်သ်ဝစ်ခ်ဆော်ဒီ၊ မက်ခ်စ်ပိန်း၊ ဦးလေးဖစ်ခ်စ်ဇစ်ထ်၊ ဝီလျံ၊ ဆယ်ရီနာနဲ
့စနိုက်ပါဆမ်တို့ရဲ့
ဇာတ်လမ်းတွေဟာ သူတို့အချင်းချင်းကြားမှာဘယ်လိုတွေများနွယ်ပတ်ရောယှက်နေမလဲဆိုတာကိုစိတ်ဝင်စားဖွယ်လိုက်ပါစီးမျောကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။
ဟာသဇာတ်မြူးဖြစ်တဲ့အတွက် ဇာတ်အိမ်ဟာ ဆန်းသစ်၊လန်းဆန်းပြီးရယ်ရယ်မောမောကြည့်နိုင်မယ့်ဇာတ်ကားလေးတစ်ကားပါပဲ။
##zawgyi
့စနိုက်ပါဆမ်တို့ရဲ့
Review – KKK
File Size – 1.2GB,2.4GB
Format…mp4
Quality :1080p WED-DL,720p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by KKK
Encoded by Arrow
====================================================================================
App ဒေါင်းရန်
မန်ဘာဝင်လိုသူများ
viber – 09691177142
Leave a Reply