Exit print mode Print Data A+ A- Undo all

Healing River

Forgiveness is a life preserver.
Healing RiverHealing River

Synopsis:

ကမာလေးတွေက သူတို့ထဲကို သဲလေးတွေဝင်လာရင် နာလို့ မျက်ရည်နဲ့ အုပ်ကြသတဲ့။ ကြာလာတဲ့အခါ နာကျင်တဲ့အရာကနေ လှပတဲ့ ပုလဲလေးအဖြစ် ပြောင်းသွားတယ်။” အင်ဂရစ် အမ်ဘလင်းက သားတစ်ယောက် အစ်ကိုတစ်ယောက်နဲ့ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေသူပါ။ သားဖြစ်သူ မိုက်ကယ်မှာ အနာဂတ်အတွက် အစီအစဉ်တွေ အပြည့်ရှိနေပါတယ်။ သို့သော် မမျှော်လင့်တဲ့ ဖြစ်ရပ်ဆိုးကြောင့် မိုက်ကယ်ဟာ ကားတိုက်ခံရတာကနေ တိမ်းပါးသွားရတဲ့။ ဒီအခါမှာ ဆောက်တည်ရာမရတော့တဲ့ မိခင်ဖြစ်သူ အင်ဂရစ်ဟာ ယူကျုံးမရ ဖြစ်ရတာ တစ်ခုတည်းမဟုတ်တော့ဘဲ နှစ်ခုဖြစ်လာတယ်။ ဘာလဲဆိုတော့ သူ့သားကို တိုက်ခဲ့သူက အသက်မပြည့်သေးတဲ့သူ ဖြစ်နေတဲ့အတွက် ပြစ်ဒဏ်ချမှတ်လို့ မရနေတဲ့ ကိစ္စပါပဲ။ သေလောက်အောင် မုန်းတီးပြီး ဘဝကြီးကို စိတ်နာနေတဲ့ အင်ဂရစ်အတွက် သူ့သားကို သတ်ခဲ့သူဟာ သူ့အတွက် ပုလဲလုံးလေး ဘယ်သို့ ဘယ်ပုံ ဖြစ်လာရတယ်ဆိုတာကို ကြည့်ရှူခံစားကြည့်ကြပါဦးနော်။ ဒီဇာတ်ကားမှာ ဘာသာရေးရဲ့ အဆုံးအမတွေ၊ မိခင်တစ်ဦးရဲ့ မေတ္တာတွေ၊ ခွင့်လွှတ်တတ်မှုရဲ့ အကျိုးရလဒ်တွေကို အသားပေး ဖော်ပြထားပါတယ်။ အချိန်ကုန်ပေမဲ့ အကျိုးရှိမယ့် ဇာတ်ကားကောင်းတစ်ကားဆိုလည်း မမှားပါဘူး။

Original title
Healing River
Director
Mitch Teemley
Stars
Christine Jones, Michael Wilhelm, Renika Williams, Rupert Spraul
Release Date
15 May 2020
Rated
PG-13
Runtime
N/A
Awards
1 win & 7 nominations.
Country
USA
Budget
USD $0,00
Revenue
USD $0,00
Popularity
2.791
Status
Released
ID IMDb.com
tt5848326
IMDB Rating
3.5
IMDB votes
20
ID Themoviedb.org
706634
TMDb Rating
10
TMDb votes
1