Exit print mode Print Data A+ A- Undo all

Heat

A Los Angeles Crime Saga
HeatHeat

Synopsis:

HEAT(1995)

IMDb…8.2,,,,Rotten…86

ဒီကားက ၁၉၉၅ခုနှစ်ကထွက်ခဲ့တဲ့တာဆိုတော့ ၂၀၂၀ ခုနှစ်မှာ နေထိုင်တဲ့ခင်ဗျားတို့အမြင်မှာ

ရိုးစင်းလွန်းတယ် …ဒီဘက်ခေတ်အမြင်မှာ အဆင့်မရှိလောက်ဘူး ဇာတ်လမ်းကောင်းရင်တောင် ကြည့်ရတာ အံဝင်မယ်မဟုတ်ဘူးလို့ ထင်နေရင်တော့

အဲ့ဒီအမြင်ကိုမြောင်းထဲလွှင့်ပစ်လိုက်ပါလို့ ကျွန်တော်ရဲရဲကြီးပြောလိုက်မယ်….

ဒီကားက ဟီးဟီးဟားဟားကွက်တွေ အော်ဂလီဆန်စရာသတ်ဖြတ်မှုတွေ ခြောက်လှန့်မှုတွေမပါဘူး ..

.ဒါပေမယ့် ပြသချိန် ၃နာရီနားပါးကြီးမှာ တစ်ချိန်လုံးခင်ဗျားဟာ စိတ်လှုပ်ရှားနေတယ်…. ဘာလို့ဆို မတူညီတဲ့ဇာတ်ကောင် ၂ယောက်ရဲ့အားပြိုင်မှုကြောင့်ပဲ….

. တစ်ယောက်က ရဲ။… သူ့မှတ်တမ်းတစ်လျှောက်လုံးမှာ ဆိုးပါတယ် လိုက်ဖမ်းရခက်ပါတယ်ဆိုတဲ့ လူတွေကိုမှထောင်ထဲထည့်ခဲ့တဲ့သူ. .

.ရဲဌာန တစ်ခုလုံးကလည်း သူ့ကိုလေးစားရတယ်…..အယ် ဒါပေမယ့် တစ်နေ့တော့ သူ့နှုတ်ဖျားက ဒီကောင် အရမ်းတော်တယ်ဆိုပြီး ညည်းညူခဲ့ရတဲ့ ဓားပြတစ်ယောက်ပေါ်လာတယ်..

. တကယ်တော့ သူပြောတာထက်တောင်ပိုပါတယ်… အဲ့ဒီဓားပြက အကွက်ချတာတော်တယ်… ပတ်ဝန်းကျင်ကိုလေ့လာအကဲဖြတ်ပြီး တစ်ဒင်္ဂအတွင်း

အကောင်းဆုံးသော ဆုံးဖြတ်ချက်ကိုချနိုင်တယ်. ….လက်အောက်ငယ်သားတွေကိုကြည့်တယ်…ဒီကားက စစချင်း ၁၀မိနစ်လောက်ကတည်းက ခင်ဗျားတို့အာရုံတွေ ဖမ်းစားလိုက်ပြီ…

.. ဒီကားထဲက အဓိကသရုပ်ဆောင်မင်းသားကြီး (၂)လက်ဖြစ်တဲ့ Al Pacino နဲ့Robert De Niro ကိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ…

..အရံသရုပ်ဆောင်တွေကလည်း ထိပ်တန်းသရုပ်ဆောင်တွေအတော်များတယ်..

.. ဇာတ်အိမ်ခိုင်သလား ဒိုင်ယာလော့တွေလန်းသလား သရုပ်ဆောင်တွေလန်းသလားဆိုတာကျွန်တော်ပိုမပြောချင်ဘူး.

..ဒီကားဒေါင်းကြည့်ပြီးတဲ့အချိန် ကျွန်တော်ပြောတာမလွန်ဘူးဆိုတာ ခင်ဗျားတို့သဘောပေါက်သွားလိမ့်မယ်…..

Original title
Heat
Director
Michael Mann
Stars
Al Pacino, Jon Voight, Robert De Niro, Val Kilmer
Release Date
15 Dec 1995
Rated
R
Runtime
170 min
Awards
14 nominations.
Country
USA
Budget
USD $60 000 000,00
Revenue
USD $187 436 818,00
Popularity
22.319
Status
Released
ID IMDb.com
tt0113277
IMDB Rating
8.2
IMDB votes
555,104
ID Themoviedb.org
949
TMDb Rating
7.9
TMDb votes
4092