##unicode
မှုခင်းကားတွေ၊ ထိတ်လန့်သည်းဖိုကားတွေကြိုက်တဲ့သူတွေအတွက်တော့ ကွက်တိဖြစ်စေမယ့် HIT: The Second Case ဆိုတဲ့ကားလေးကို
တင်ဆက်ပေးလိုက်ပါတယ် HIT 1 မှာကတည်းကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းခဲ့ပြီးတော့ ဒီဒုတိယကားမှာလည်းနည်းနည်းမှမလျော့ပါဘူး
သွေးထွက်သံယိုအခန်းတွေလည်းပါဝင်တာမလို့ thriller ကားရဲ့အရသာအပြည့်ခံစားရမှာပါ
ဇာတ်လမ်းအကြောင်းအရာလေးနည်းနည်းမိတ်ဆက်ပေးပါမယ် ကေဒီဟာအမှုဖြေရှင်းတဲ့နေရာမှာ အရမ်းကိုတော်တဲ့ရဲအရာရှိတစ်ယောက်ဖြစ်ပါတယ်
အမှုတွေကိုလျင်မြန်သွက်လက်ပြီး ဉာဏ်ကောင်းကောင်းနဲ့ဖြေရှင်းနိုင်တာမလို့ သတင်းထောက်တွေကြားမှာရော၊ သူတို့ဌာနကလူတွေကြားထဲမှာရော
နာမည်ကြီးတဲ့သူတစ်ယောက်ဖြစ်ပါတယ် ရာဇဝတ်သားတွေဟာဦးနှောက်မရှိတဲ့သူတွေ သူတို့အမှုကိုလိုက်ဖို့ အချိန် ၅ မိနစ်လောက်ပဲလိုတယ်
လို့ကြွေးကြော်ထားသူပေါ့ ဒီလိုနဲ့တစ်ရက်မှာတော့ကေဒီ့ဆီကိုထူးဆန်းတဲ့အမှုကြီးရောက်လာပါတယ် ခေါင်း၊ လက်၊ ခန္တာကိုယ်အစရှိတဲ့အစိတ်အပိုင်းတွေကို
သီးခြားစီခုတ်ဖြတ်ထားတဲ့အမှုဖြစ်ပါတယ် ဒီမှာထူးခြားတာတစ်ခုက အဲဒီခန္တာကိုယ်အစိတ်အပိုင်းတွေဟာ လူတစ်ယောက်ထဲဆီကမဟုတ်ပါဘူး
ပြောရရင်နောက်ထပ်အသတ်ခံရတဲ့အလောင်းတွေရှိသေးတာပေါ့
ကေဒီတစ်ယောက် ဒီလိုထူးဆန်းတဲ့အမှုကြီးကို အရင်လိုပဲ ပေါ့ပေါ့ပါးပါးလေး ဖြေရှင်းနိုင်ဦးမလား နောက်ကွယ်ကတရားခံကရောဘယ်သူဖြစ်မလဲ
ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်
##zawgyi
Review – Phyu Sin
File Size – 1GB,2GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin
Encoded by Arrow
=================================================================================
GDtot လင့်ဒေါင်းနည်း (အစိမ်းပြထားတာကိုကလစ်ပါ)
GDtotဒေါင်းနည်း 2 (Chrome browser သံုးပါ)
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
Leave a Reply