Alpha Premium
Premium Holidate
Report error

Holidate

Holidate    

TV-MA 103 min ComedyRomance

6.1
IMDB: 6.1/10 12,141 votes

, , ,

N/A

USA

1374

Report error

Holidate (2020)
========================
October 28 ရက်နေ့ကမှ အသစ်စက်စက် ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ပရိသတ်ကြီးရေ …

ဇာတ်လမ်းလေးကတော့ ရယ်မောပျော်ရွှင်မှုတွေ ပေးစွမ်းနိုင်တဲ့ အချစ် ဇာတ်လမ်းမြူးမြူးလေးဘဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာ ခရစ္စမတ်ပွဲတော်ရော နယူးရီးယားပွဲတော်ကိုပါ မြူးမြူးလေးနဲ့ ပျော်ပျော်ရွှင်ရွှင် တင်ဆက်ထားတာကို ကြည့်ရှုပြီး ပရိသတ်ကြီးလည်း တဒင်္ဂပျော်ရွှင်ကြလိမ့်မယ်လို့ ထင်ပါတယ်

ဇာတ်လမ်းလေးအစမှာတော့ ခရစ္စမတ်ပွဲတော်လေးနဲ့ အစပြုထားပါတယ်၊ ခရစ္စမတ်ပွဲတော်က ကျန်တဲ့သူတွေအတွက် ပျော်စရာကောင်းပေမယ့် အသည်းကွဲနေတဲ့ ဆလုန်း အတွက်ကတော့ ငြီးငွေ့စရာကောင်းလှပါတယ်။ အဲ့ဒီညမှာဘဲ သူ့မောင်လေးက အားလုံးအရှေ့မှာ သူ့ကောင်မလေးဆီက လက်ထပ်ခွင့်တောင်းခဲ့ပါတယ် ဆလုန်း သူမကိုယ်သူမ တော်တော်လေးစိတ်ပျက်သွားပါတယ် ။

ဒါပေမယ့် နောက်တစ်နေ့မှာတော့ ဂျက်ဆန် နဲ့ ကုန်တိုက်တစ်ခုမှာ အမှတ်မထင်တွေ့ကြရင်း ရင်းနှီးခဲ့ကြပါတယ် အချစ်ရေး ကံမကောင်းတဲ့သူနှစ်ယောက် ရင်ဖွင့်ကြရင်း အပျော်တွဲ ဖြစ်သွားကြတယ် ပရိသတ်ကြီးရေ

ပါတီတွေ အတူတူတက်ကြတယ် သောက်ကြစားကြ ပျော်ကြပါးကြတယ် ဆုလုန်းရဲ့အမေက သူ့သမီးကို ဖာခ်ရုဆိုတဲ့ ဆရာဝန်လေးနဲ့ အိမ်ထောင်ချပေးချင်တယ်၊ ဆလုန်းကလည်း ဖာခ်ရုကို လက်မထပ်ချင်ဘူး၊ တစ်နေ့မှာတော့ သူတို့အပျော်တွဲနေတာကို ဆလုန်းအမေ သိသွားတယ်။ လက်မထပ်ချင်တဲ့သူနှစ်ယောက် အမေ့ဆန္ဒကို လိုက်လျောပြီး လက်ထပ်ပွဲလေး လုပ်ဖြစ်ကြမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှူရင်း ဇာတ်ကားကောင်းလေးကို အားပေးလိုက်ကြရအောင် ပရိသတ်ကြီးရေ …

Holidate
Holidate
Holidate
Holidate
Holidate
Holidate
Holidate
  • Download Links Server Audio / Language Quality
No downloads available

Leave a Reply

Your email address will not be published. Required fields are marked *

Related movies