IMDb မှာ 6.9/10 ဆိုတော့ ကောင်းလားမကောင်းလားသိပ်မပြောတော့ပါဘူး
ကျွန်တော်တို့ရဲ့ စကြာဝဠာကြီးဟာ အဆုံးအစမရှိကျယ်ပြန့်တယ်လို့ သိထားပါတယ်
ဒါဟာ လက်ခံထားရတဲ့ လက်ရှိအမှန်တရားဆိုလည်းမမှားပါဘူး…
ကျွန်တော်တို့လို တခြားသက်ရှိတွေ စကြာဝဠာကြီးထဲမှာ ရှိကောင်းရှိနေနိုင်ပါလိမ့်မယ်..
ဒါပေမယ့် ကျွန်တော်တို့ ကမ္ဘာကြီးထဲက သက်ရှိတွေအကုန်လုံးကိုတောင် ရှာဖွေလို့ မကုန်နိုင်သေးပါဘူး…
ဒီကာတွန်းရုပ်ရှင်လေးက အဲ့ဒီအချက်ကို အဓိကထားတင်ပြသွားတယ်လို့ ထင်ပါတယ်…
ကျွန်တော်တို့လူသားတွေ ကမ္ဘာပေါ်မှာ ထင်တိုင်းကြဲလုပ်ချင်ရာလုပ်နေကြပေမယ့် ကျွန်တော်တို့ မသိသေးတဲ့အကြောင်းအရာတွေ အများကြီးရှိနေပါတယ်..
ဇာတ်လမ်းအကျဉ်းလေးဆီ သွားရအောင်
ဟော်တွန်ဆိုတဲ့ ဆင်ကလေးတစ်ကောင်ဟာ ပျော်ပါး ကစားနေရင်းနဲ့ ပန်းဝတ်မှုံအရွယ်အစားလောက်ပဲရှိတဲ့ ကမ္ဘာသေးသေးလေးတစ်ခုကို အမှတ်မထင်တွေ့သွားပါတယ်… မယုံနိုင်ပေမယ့် တကယ့်အစစ်အမှန်ဖြစ်နေမှန်းသိသွားတဲ့အခါမှာ ကမ္ဘာသေးသေးလေးထဲက သက်ရှိလေးတွေနဲ့ ဆက်သွယ်ပြီး အဲ့ဒီကမ္ဘာသေးသေးလေးကို လုံခြုံအောင်လုပ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်…
ဒါပေမယ့်လည်း ထုံးစံအတိုင်း အဖျက်တရားက ဝင်လာတဲ့အခါမှာတော့…..
Leave a Reply