##unicode
ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ ဇာတ်လမ်းပုံစံခပ်ဆန်းဆန်းနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် မင်းသားကြီး Ben Affleckရဲ့ ကားသစ် “Hypnotic”ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့စုံထောက်ဒန်နီရော့ခ်ဟာ သမီးဖြစ်သူပြန်ပေးဆွဲခံလိုက်ရတာကို လိုက်လံရှာဖွေနေတဲ့ဖခင်တစ်ယောက်ဖြစ်ပါတယ်
သမီးဖြစ်သူ ဘယ်ကိုပျောက်သွားတာလဲ၊ သေဆုံးသွားတာဆိုရင် ဘယ်နေရာမှာနောက်ဆုံးရှိခဲ့တာလဲဆိုတာကိုတောင်မသိရတဲ့အတွက်
အရမ်းကိုစိတ်မွန်းကြပ်နေတာပေါ့ ဒါပေမယ့် တစ်နေ့မှာတော့ ရော့ခ်တစ်ယောက် ဘဏ်ဓားပြမှုကိုလိုက်ရင်း ထူးဆန်းတဲ့
စိတ်ညှို့ပညာရှင်တစ်ယောက်နဲ့တွေ့ခဲ့ပါတယ် အဲဒီလူဟာ သူ့ရှေ့မှာတင်ပဲလူတွေကိုစိတ်ညှို့ပြီး သူကြိုက်သလို စေခိုင်းနေတာကိုတွေ့လိုက်ရတဲ့အခါ
ရော့ခ်တစ်ယောက်အရမ်းကိုရှော့ခ်ရသွားတော့တာပေါ့ ဒါ့အပြင်သူ့သမီးဖြစ်သူရဲ့အကြောင်းကိုလည်း အဲဒီစိတ်ညှို့ပညာရှင်ကသိနေတဲ့အခါမှာတော့…
သမီးဖြစ်သူ ပျောက်ဆုံးသွားတဲ့အမှုနဲ့ စိတ်ညှို့ပညာရှင်နဲ့က ဘယ်လိုများပတ်သက်နေမလဲ၊ ရော့ခ်ရဲ့သမီးဖြစ်သူကရော သေဆုံးသွားပြီလား
အသက်ရှင်နေသေးလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်
##zawgyi
Review – Phyu Sin
File Size – 1GB,2.4GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin
Encoded by Arrow
=================================================================================
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။
GDtot လင့်ဒေါင်းနည်း (အစိမ်းပြထားတာကိုကလစ်ပါ)
GDtotဒေါင်းနည်း 2 (Chrome browser သံုးပါ)
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
Upload on Youtube
Upload on Youtube
Upload on Youtube
Leave a Reply