##Zawgyi
##Unicode
ဂိုလ်းဟာလူသတ်တာ အရမ်းတော်တဲ့လူတစ်ယောက်ပါ သူကတရားမျှတမှုအတွက်သာသတ်တဲ့အတွက် လူဆိုးမဟုတ်ပါဘူး တစ်နေ့မှာ ကလပ်ထဲဝင်လာပြီး လူသုံးယောက်ရှိတဲ့ ဝိုင်းရှေ့မှာရပ်ပြီးတော့ မကြာသေးခင်ကမှ ရှာတွေ့ထားတဲ့ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ရင်း ပျောက်ဆုံးသွားတဲ့ကောင်မလေးရဲ့အလောင်းအကြောင်းရှင်းပြတယ်
ဘာလို့လဲဆိုတော့ အဲ့လူတွေက လူသတ်သမားတွေမှန်သူက သိလို့ပါ အဲ့လူတွေက ဝန်မခံတဲ့အခါ သူကအဲ့လူတွေကို သတ်ပြီးထွက်သွားပါတယ်
အဲ့နောက်မှာ သူက သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်း ဆီရမ်ထီဂ်းဆိုတဲ့လူကို ပြန်ခေါ်ရမယ့် အဖွဲ့ကိုဦးဆောင်ရပါတယ် ဘာလို့ပြန်ခေါ်ရမှာလဲဆိုတော့
ထီဂ်းဟာအနောက်ဥရောမမှာ သူတို့ရဲ့နောက်ဆုံးတာဝန်ကိုထမ်းဆောင်ရင်း သူ့ရဲအထူးအဖွဲ့ကိုဖွဲ့ပြီး ပျောက်သွားတဲ့သဘောပါ
ဂိုလ်းကသူရဲ့ အဖွဲ့သား လင့်ရယ် ရှာရိုပီရယ်နဲ့ ထီဂ်းကို ဖမ်းတဲ့အခါမှာ ထီဂ်းကို အင်မတန်သတ်ချင်ပြီး ဓားစာခံအဖြစ်အဖမ်းခံထားရတဲ့ ဂျန်ကွစ်ကိုရှာတွေ့သွားကြပါတယ်
ထီဂ်းဖွဲ့ထားတဲ့ကြေးစားအဖွဲ့နဲ့ သူ့ကိုပြန်ဖမ်းမယ့် ဂိုလ်းတို့ဟာ ထိပ်တိုက်တွေ့ကြပါတော့တယ်
အဲ့တော့ အဖမ်းခံရတဲ့ ဂျန်က ထီဂ်းကိုဘာလို့သတ်ချင်ရတာလည်း ဂိုလ်းတို့ကတော့ ထီဂ်းကို ပြန်ဖမ်းနိုင်မှာလားဆိုတာကို ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုပေးပါ
Leave a Reply