1970s ခေတ်မှာနာမည်ကြီးခဲ့တဲ့ ပေါ့အဆိုတော်မကြီး Helen Raddy ရဲ့ဇာတ်ကြောင်းကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ် single mother တစ်ယောက်အနေနဲ့ Australia ကနေ New York ကို အဆိုတော်ဖြစ်ဖို့လာခဲ့သော်လည်း ငြင်းပယ်ခံရပြီး သူမကိုအားပေးတဲ့ သူငယ်ချင်းနဲ့တွေ့တယ် Jaff Wald နဲ့ အိမ်ထောင်ကျပြီး အလုပ်အတွက်အဆင်ပြေနိုင်မယ့် LA ကိုပြောင်းနေကြတယ် အသံသွင်းရဖို့ အကြိမ်ကြိမ်ကြိုးစားပြီးမှ နောက်ဆုံး ရရှိလာခဲ့တယ် သူမရေးဆိုတဲ့ I Am Woman သီချင်းကလည်း တကယ်ကို ကောင်းတာပါ သူမက albums 25 millions အထိတောင် sold out ဖြစ်ခဲ့တဲ့ နာမည်ကြီးအဆိုတော်တစ်ဦးဖြစ်ပါတယ် ၊ အမျိုးသမီးတစ်ယောက်ခံစားရတဲ့ ဘ၀အခက်အခဲတွေကို တင်ဆက်ထားပြီးသရုပ်ဆောင်တွေကလည်း တကယ်ကို ပီပီပြင်ပြင်သရုပ်ဆောင်ထားကြတာပါ ကျွန်တော်ဆို ဇာတ်ကားဘာသာပြန်ရင်းတောင် ကြက်သီးတွေခဏခဏထရတဲ့ ဇာတ်ကားမို့ ကြည့်ရှုဖို့လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်ခင်ဗျာ……
Leave a Reply