Exit print mode Print Data A+ A- Undo all

Inheritance

Some secrets should stay buried
InheritanceInheritance

Synopsis:

Inheritance 2020

အခုမိတ်ဆက်ပေးမယ့်ကားလေးကတော့ inheritance ပဲဖြစ်ပါတယ်

ဒီကားလေးဟာဆိုရင် ကွယ်လွန်သွားတဲ့အဖေဖြစ်သူဆီကနေ ရရှိလာတဲ့ ထူးဆန်းတဲ့ အမွေကိုဆက်ခံရတဲ့ သမီးတစ်ယောက်အကြောင်းကို ပြသထားတာဖြစ်ပါတယ်

လော်ရင်းမွန်ရိုးဟာ အဖေစီးပွါးရေးသမား အမေရှေ့နေဟောင်း မောင်လေးနိုင်ငံရေးသမားတို့ရှိတဲ့ အသိုင်းအဝိုင်းကြီးမွန်ရိုးမိသားစုက သမီးကြီးရှေ့နေတစ်ယောက်ဖြစ်ပါတယ်

လော်ရင်းဟာ အဖေရဲ့သဘောကျ မိသားစုအလွတ်တန်းရှေ့နေမလုပ်ဘဲ ဖိနှိပ်ခံရတဲ့လူတွေဘက်ကရပ်တည်တဲ့ မြို့နယ်ကိုယ်စားပြုဥပဒေမှူးဘဝကိုရွေးချယ်ခဲ့တာကြောင့် ဖ

ခင်ဖြစ်သူနဲ့အမြဲလိုလိုရန်စကားတွေပြောနေခဲ့ရတာဖြစ်ပါတယ် တစ်ရက်တော့သူမဖခင်ဟာ ရုတ်တရက်နှလုံးဖောက်ပြီးကွယ်လွန်သွားခဲ့ပါတယ် သူမအဖေရဲ့သေတမ်းစာဖတ်ပွဲမှာလော်ရင်းဟာ သူမအမေနဲ့မောင်ထက်စာရင် အမွေရတဲ့အရေအတွက်ဟာနည်းပါးလွန်းပေမယ့် သူမကဗွေမယူခဲ့ပါဘူး

ဒါပေမယ့် သူမဖခင်ရဲ့ရှေ့နေဟာ သူမဖခင်က သူမအတွက်သီးသန့်ထားခဲ့တဲ့စာအိတ်တစ်ခုကိုလက်ခံရရှိလိုက်ရပါတော့တယ်

အဲ့ထဲမှာတော့ သူမဖခင်ဟာ သူမအတွက်ခြောက်ခြားစရာအမွေတစ်ခုကိုချန်ထားခဲ့ပြီး သူမဟာ ဖခင်ဖြစ်သူရဲ့ဖုံးကွယ်ထားတဲ့ကိစ္စတွေကို တုန်လှုပ်စွာရင်ဆိုင်လိုက်ရပါတော့တယ် လော်ရင်းဟာ ဘယ်လိုကိစ္စတွေကိုကြုံရမလဲ

ဥပဒေဘက်တော်သားတစ်ယောက်အနေနဲ့ ဒီကိစ္စတွေကိုဘယ်လိုဖြေရှင်းသွားမလဲဆိုတာကိုတော့ ဒီကားထဲမှာစိတ်ဝင်စားဖွယ်ရာ မြင်တွေ့ရမှာဖြစ်ပါတယ်

Original title
Inheritance
Director
Vaughn Stein
Stars
Chace Crawford, Connie Nielsen, Lily Collins, Simon Pegg
Release Date
22 May 2020
Rated
N/A
Runtime
111 min
Awards
N/A
Country
USA
Budget
USD $0,00
Revenue
USD $0,00
Popularity
34.21
Status
Released
ID IMDb.com
tt7923220
IMDB Rating
5.3
IMDB votes
1,146
ID Themoviedb.org
602147
TMDb Rating
5.7
TMDb votes
16