##unicode
ဒီတစ်ခါမှာ “Iravatham (2022)” ဆိုတဲ့ အိန္ဒိယဇာတ်ကားလေးကို တင်ဆက်ပေးထားပါတယ်။
ဆလိုကာ လက်ခံရရှိခဲ့တဲ့ကင်မရာကနေ ဘယ်လိုကိစ္စတွေဆက်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားဖွယ်တွေ့ရှိရမယ့် သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားပါပဲ။
ဆလိုကာဟာ အလှပြင်ဆိုင်တစ်ဆိုင်မှာ အလှပြင်ပေးသူအဖြစ်အလုပ်လုပ်နေတဲ့ မိန်းကလေးတစ်ယောက်ပါ။
သူဟာ အလှပြင်ဆိုင်ပိုင်ရှင်အမျိုးသမီးရဲ့သားဖြစ်သူ ချီကူနဲ့ ချစ်ကြိုက်နေပါတယ်။
ဒါကြောင့် ဆလိုကာရဲ့မွေးနေ့မှာ ချီကူဟာ အမှတ်တရဖြစ်ဖွယ်ပွဲလေးတစ်ခုကို သီးသန့်ကျင်းပပေးခဲ့တယ်။
အဲဒီညမှာ ဆလိုကာဟာ အဖြူရောင်ကင်မရာတစ်လုံးကို လက်ခံရရှိတဲ့အခါမှာ ချီကူပေးတဲ့ကင်မရာလို့ သူကထင်ခဲ့မိတာပါပဲ။
ဆလိုကာက အလွန်သဘောကျသွားပြီး သူ့ကိုယ်သူ အဲဒီကင်မရာနဲ့ဗီဒီယိုရိုက်ခဲ့တယ်။ဒါပေမယ့် ဗီဒီယိုကိုဖွင့်ကြည့်လိုက်တဲ့အခါမှာ ရိုက်ထားသလိုပေါ်မလာဘဲ
သူနဲ့ချွတ်စွပ်တူတဲ့ပရင်ဆီဆိုတဲ့မိန်းကလေးတစ်ယောက်ရဲ့စိတ်ခြောက်ခြားဖွယ်ဗီဒီယိုပေါ်လာတော့တာပါပဲ။
ဒီလိုနဲ့ ဆလိုကာကို ဗီဒီယိုရိုက်တိုင်း ပရင်ဆီရဲ့ဗီဒီယိုကပေါ်လာခဲ့တယ်။ဒါကြောင့် ချီကူနဲ့ဆလိုကာတို့နှစ်ယောက် တဲရော့ကဒ်ဖတ်သူတစ်ယောက်ဖြစ်တဲ့
မာယာဆိုတဲ့အမျိုးသမီးဆီကို သွားရောက်ဆွေးနွေးခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ချီကူနဲ့ဆလိုကာတို့ မာယာဆီကနေ ဘာဖြေရှင်းချက်ရမလဲ၊ ပရင်ဆီရဲ့အကြောင်းကိုရော ဘယ်လိုသိရှိသွားမှာလဲ၊
ဆန်းကြယ်တဲ့ကင်မရာရဲ့ထူးခြားမှုကရော ဘယ်လိုများဖြစ်တည်နေတာလဲ၊ ဆလိုကာနဲ့ပရင်ဆီတို့ထံ ဘယ်လိုအန္တရာယ်တွေကျရောက်လာမလဲ၊
ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုကြရမှာပါနော်။
##zawgyi
ဒီတစ္ခါမွာ “Iravatham (2022)” ဆိုတဲ့ အိႏၵိယဇာတ္ကားေလးကို တင္ဆက္ေပးထားပါတယ္။
ဆလိုကာ လက္ခံရရွိခဲ့တဲ့ကင္မရာကေန ဘယ္လိုကိစၥေတြဆက္ျဖစ္လာမလဲဆိုတာကို စိတ္ဝင္စားဖြယ္ေတြ႕ရွိရမယ့္ သည္းထိတ္ရင္ဖိုဇာတ္ကားတစ္ကားပါပဲ။
ဆလိုကာဟာ အလွျပင္ဆိုင္တစ္ဆိုင္မွာ အလွျပင္ေပးသူအျဖစ္အလုပ္လုပ္ေနတဲ့ မိန္းကေလးတစ္ေယာက္ပါ။
သူဟာ အလွျပင္ဆိုင္ပိုင္ရွင္အမ်ိဳးသမီးရဲ႕သားျဖစ္သူ ခ်ီကူနဲ႔ ခ်စ္ႀကိဳက္ေနပါတယ္။
ဒါေၾကာင့္ ဆလိုကာရဲ႕ေမြးေန႔မွာ ခ်ီကူဟာ အမွတ္တရျဖစ္ဖြယ္ပြဲေလးတစ္ခုကို သီးသန႔္က်င္းပေပးခဲ့တယ္။
အဲဒီညမွာ ဆလိုကာဟာ အျဖဴေရာင္ကင္မရာတစ္လုံးကို လက္ခံရရွိတဲ့အခါမွာ ခ်ီကူေပးတဲ့ကင္မရာလို႔ သူကထင္ခဲ့မိတာပါပဲ။
ဆလိုကာက အလြန္သေဘာက်သြားၿပီး သူ႔ကိုယ္သူ အဲဒီကင္မရာနဲ႔ဗီဒီယို႐ိုက္ခဲ့တယ္။ဒါေပမယ့္ ဗီဒီယိုကိုဖြင့္ၾကည့္လိုက္တဲ့အခါမွာ ႐ိုက္ထားသလိုေပၚမလာဘဲ
သူနဲ႔ခြၽတ္စြပ္တူတဲ့ပရင္ဆီဆိုတဲ့မိန္းကေလးတစ္ေယာက္ရဲ႕စိတ္ေျခာက္ျခားဖြယ္ဗီဒီယိုေပၚလာေတာ့တာပါပဲ။
ဒီလိုနဲ႔ ဆလိုကာကို ဗီဒီယို႐ိုက္တိုင္း ပရင္ဆီရဲ႕ဗီဒီယိုကေပၚလာခဲ့တယ္။ဒါေၾကာင့္ ခ်ီကူနဲ႔ဆလိုကာတို႔ႏွစ္ေယာက္ တဲေရာ့ကဒ္ဖတ္သူတစ္ေယာက္ျဖစ္တဲ့
မာယာဆိုတဲ့အမ်ိဳးသမီးဆီကို သြားေရာက္ေဆြးေႏြးခဲ့ပါတယ္။
အဲဒီေနာက္မွာေတာ့ ခ်ီကူနဲ႔ဆလိုကာတို႔ မာယာဆီကေန ဘာေျဖရွင္းခ်က္ရမလဲ၊ ပရင္ဆီရဲ႕အေၾကာင္းကိုေရာ ဘယ္လိုသိရွိသြားမွာလဲ၊
ဆန္းၾကယ္တဲ့ကင္မရာရဲ႕ထူးျခားမႈကေရာ ဘယ္လိုမ်ားျဖစ္တည္ေနတာလဲ၊ ဆလိုကာနဲ႔ပရင္ဆီတို႔ထံ ဘယ္လိုအႏၲရာယ္ေတြက်ေရာက္လာမလဲ၊
ဘယ္လိုရင္ဆိုင္ေျဖရွင္းၾကမလဲဆိုတာကို စိတ္လႈပ္ရွားဖြယ္ၾကည့္ရႈၾကရမွာပါေနာ္။
Review – KKK
File Size – 1GB,2GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by KKK
Encoded by Arrow
=================================================================================
GDtot လင့္ေဒါင္းနည္း (အစိမ္းျပထားတာကိုကလစ္ပါ)
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
Leave a Reply