ဒီဇတ်လမ်းလေးက မကြာသေးခင်ကမှ ရုံတင်သွားတဲ့
ရုပ်ရှင်ကားပါ မကြာသေးခင်ကမှ ရုပ်ထွက်အကြည် ထွက်လာလို့
CM Fan တွေ အတွက် တင်ဆက်ပေးလိုက်ပါတယ်…
ဇတ်လမ်းလေးကတော့ မန်ဆူး လို့ ခေါ်တဲ့ ကောင်လေးနဲ့
မူကူး လို့ ခေါ်တဲ့ ကောင်မလေး
တစ်ယောက် တို့ နဲ့ စတင်ထားတယ်…
ကျနော်တို့ မြန်မာနိုင်ငံမှာဆို အထင်ကရ ကျိုက်ထီးရိုးဘုရား ကို
ဘုရားဖူးတွေက လမ်းလျှောက်တက်ကြတယ်
အသက်ကြီးသူတွေကတော့ ကားတို့
ဆိုက်ကယ်တို့ နဲ့ အဆင်ပြေသလိုပေါ့
ဒီဇတ်လမ်းထဲမှာလဲ အရှင်ရှီဗား ကို ၀တ်ပြု ကိုးကွယ်ဖို့ အတွက်
လူတွေဟာ တောင်ပေါ်ကို ခြေလျင် တက်ကြတယ်
အရှင်ရှီဗား ရဲ့ ၀တ်ကျောင်းဆောင်
ကို ရောက်ဖို့ လမ်းလျှောက်တက်ကြသလို
အသက်ကြီးရွယ်အိုတွေကတော့ အထမ်းသမား နဲ့ တက်ရတယ်…
အဲ့ဒီ အထမ်းသမားတွေထဲမှာ မန်ဆူး လို့ ခေါ်တဲ့
ကောင်လေး တစ်ယောက်လဲ အပါပေါ့…
အထမ်းသမားတွေဟာ မန်ဆူး ကို မြင်ရင် နှာခေါင်းရှုံ့သွားကြတယ်
ဘာလို့လဲ ဆိုတော့ ဘုရားဖူးဖို့ လိုက်ပို့တဲ့ အထမ်းသမားက
မွတ်စလာမ် ကောင်လေး ဖြစ်နေလို့ပါ…
ဒါပေမဲ့ တောင်ပေါ် ရောက်တဲ့ အခါကျရင် မန်ဆူး ကို လူတွေက
ပိုပြီး ချစ်သွားကြတော့တာပဲ…
ဘာသာတရားကို ပုံမန်လူတွေ သိတာ ကိုင်းရှိုင်းတာထက်ကို
မန်ဆူး က ပိုပြီး လေးစားတက် ကြည်ညို တက်ပါတယ်
ဘုရားဖူးတွေကို ဘုရားစာတွေ တစ်လမ်းလုံးရွတ်ဖတ်ပြတယ်
ဘုရားအကြောင်းတွေ ရှင်းပြတယ်…
ဒီလို နဲ့ ဘုရားဖူးတွေကို စိတ်ချမ်းသာမှု
အပြည့်ပေးတက်သူလေးပေါ့…
အဖေ မရှိ တစ်ဦးထဲသော အမေကို
လုပ်ကျွေးနေတဲ့ အထမ်းသမားလေး မန်ဆူး ဟာ
အမေ့ကိုလဲ ပိုက်ဆံ အပြည့်အ၀ မပေးနိုင်ပါဘူး
သူချစ်တဲ့ ဘုရားဖူးတွေဆို အမြဲ ဈေးလျှော့ပေးရတာနဲ့
မုန့်ဝယ်ကျွေးရတာနဲ့ ပိုက်ဆံ အပိုကျန်တာ သူများထက်
နည်းပါတယ် အမေ့ အဆူခံရတာလဲ အမြဲတမ်းပေါ့…
ဒီလို လူရိုးလေး မန်ဆူး ဟာ တစ်ရက်မှာတော့
စွာတေးမလေး မူကူး နဲ့ တွေ့တော့တာပဲ
မူကူးဆိုတာကလဲ ဘုရားလူကြီး ရဲ့ သမီးအငယ်ဆုံး
မန်ဆူး နဲ့ဆို ဘာသာခြားတဲ့ အပြင် မူကူး တို့
မိသားစု တွေက ဘာသာခြားဆို သိပ်ကြည့်လို့ရတဲ့သူတွေ
မဟုတ်ပြန် ဒီတော့ကာ စွာတေးမလေး မူကူး နဲ့
လူရိုးလေး မန်ဆူး တို့ ရဲ့ ဇတ်လမ်းကို
အဘဆရာသာရစ် က ဘာသာပြန်ပေးထားပြီး
အညွှန်းကို Thit San Khant မှ ရေးပေးထားလို့
ဆက်လက်ကြည့်ရှုလိုက်ကြပါအုံး….
Upload on Youtube
Leave a Reply