##unicode
ဇာတ်လမ်းအကြောင်းအရာထူးထူးဆန်းဆန်းကြိုက်တဲ့သူတွေအတွက်လုံးဝကွက်တိဖြစ်စေမယ့် ‘Knock at the cabin’ ဆိုတဲ့
အသစ်ထွက်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ ဝမ်ဆိုတဲ့ကောင်မလေးနဲ့ သူ့အဖေနှစ်ယောက်ဟာ တောထဲကအိမ်လေးမှာအေးအေးချမ်းချမ်းပဲနေထိုင်နေကြပေမယ့်
တစ်ရက်မှာတော့မဖိတ်ခေါ်ထားတဲ့ ဧည့်သည်လေးယောက်ရောက်လာခဲ့ပါတယ် သူတို့လေးယောက်ဟာ ဝမ်တို့သားအဖသုံးယောက်နေကြတဲ့အိမ်ထဲကို
ရောက်လာပြီးတော့ ဝမ်တို့မိသားစုသုံးယောက်မှာတစ်ယောက်က ကိုယ့်ရဲ့ဆန္ဒအလျောက် စတေးခံရမယ်၊အသေခံရမယ်ဆိုပြီး
ပြောလာပါတယ် တကယ်လို့မှအဲဒီလိုမဟုတ်ရင်ကမ္ဘာကြီးနဲ့လူသားမျိုးနွယ်အားလုံးဟာပျက်စီးခြင်းကိုရင်ဆိုင်ရမယ်ဆိုပြီးတော့ပေါ့
ကိုယ့်အိမ်ကိုရုတ်တရက်သူစိမ်းတွေရောက်လာပြီး ဒီလိုပြောတဲ့အခါဘယ်သူပဲဖြစ်ဖြစ်ယုတ္တိမတန်ဘူး..ဖြစ်နိုင်ချေမရှိဘူးလို့ပဲတွေးမိကြပါပဲ
ဝမ်တို့မိသားစုသုံးယောက်ကလည်း အဲဒီလိုပဲတွေးမိတာပေါ့ ဒါပေမယ့်အဲဒီလူထူးဆန်းလေးယောက်ပြောတဲ့အတိုင်း
ကပ်ဘေးတွေတစ်ခုပြီးတစ်ခုဖြစ်လာတဲ့အခါမှာတော့…
တကယ်ပဲ ကမ္ဘာကြီးက ဝမ်တို့မိသားစုသုံးယောက်ထဲကတစ်ယောက်စတေးမခံရင် ပျက်စီးရမှာလား၊ ဒါမှမဟုတ် သူတို့မိသားစုလေးနဲ့
ရန်ငြှိုးရှိတဲ့သူတစ်ယောက်ယောက်က အကွက်ချပြီးကြံစည်နေတာလားဆိုတာကိုတော့ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်
##zawgyi
Review – Phyu Sin
File Size – 1GB,2GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin
Encoded by Arrow
=================================================================================
GDtot လင့်ဒေါင်းနည်း (အစိမ်းပြထားတာကိုကလစ်ပါ)
GDtotဒေါင်းနည်း 2 (Chrome browser သံုးပါ)
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
Upload on Youtube
Upload on Youtube
Upload on Youtube
Upload on Youtube
Leave a Reply